Main menu

Background

ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး တင်ပို့မှုမရှိပေမယ့် FOB အရောင်းအဝယ် အသင့်အတင့်ရှိ

Mon, 12/26/2011 - 07:22 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးကို ယခင်တစ်ပတ်က တန် ၂၅၀ ကျော်တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တင်ပို့မှုမရှိခဲ့ကြောင်း သိရပါတယ်။ FOB ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီး တန် ၃၆၀ အရောင်းအဝယ် စာချုပ် ခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ကုလားပဲစိုက်ပျိုးတဲ့ ကာလဖြစ်လို့ အရည် အသွေးကောင်း လက်ကျန်နည်းပါးလာလို့ ပြည်ပတင်ပို့မှုနည်းလာတာဖြစ်သလို FOB ဈေးလည်း ယခင်တစ်ပတ်မှာ လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေး ကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း ဒီဇင်ဘာလ ၂၃ ရက်မှာလည်း ကန်ဒေါ် လာ ၇၆၀-၇၈၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT