အိန္ဒိယနိုင်ငံမှ ယခုနှစ် ပဲထုတ် လုပ်မှု ကျဆင်းပြီး တင်သွင်းမှုမှာလည်း ကျဆင်းဖွယ်ရှိတာကြောင့် နောက် ၂လမှ ၃လအတွင်းပဲမျိုးစုံဈေး ၁၀-၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။လက်ရှိဆောင်းပဲထွက်ရှိမှု မှာ ၅ ရာခိုင်နှုန်းနဲ့ မိုးပဲမျိုးစုံထွက်ရှိမှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် စုစု ပေါင်း ထုတ်လုပ်မှုက ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံအသင်း (IPGA)ဒုတိယ ဥက္ကဋ္ဌ Mr.Bimal Kothari က ပြော ကြားပါတယ်။ လက်ရှိ ၂၀၁၁-၁၂ သီးနှံရာသီမှာ အိန္ဒိယပဲထုတ်လုပ်မှုဟာ ကနဦးခန့်မှန်း ထားတဲ့ တန်ချိန် ၁၈ ဒသမ ၅ သန်းမှ တန်ချိန် ၁၇ သန်းကို ကျဆင်းဖွယ်ရှိပါ တယ်။ အိန္ဒိယရဲ့ ဆောင်းပဲသီးနှံဟာ နိုင်ငံ စုစုပေါင်းပဲထုတ်လုပ်မှုရဲ့ ၆၀-၇၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။မိုးပဲထွက်ရှိမှုကျဆင်းခဲ့ ယခုနှစ် မိုးပဲစိုက်ပျိုးစဉ်က နိုင်ငံရဲ့ အချို့ဒေသတွေမှာ ရာသီဥတုဆိုးဝါးတဲ့ အခြေအနေကြောင့် မိုးပဲထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။ လက်ရှိ ဆောင်းပဲစိုက်ပျိုးမှုမှာလည်း အသီးထည့်ချိန် မိုးမရရှိတဲ့အတွက် ဇန်နဝါရီဒုတိယပတ်မှ စတင်ရိတ်သိမ်း ရမယ့် ဆောင်းပဲထုတ်လုပ်မှုက နောက် ထပ် ၅ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တဲ့ အတွက် စုစုပေါင်းပဲထုတ်လုပ်မှု ၇-၈ ရာခိုင်နှုန်းခန့် ကျဆင်းလိမ့်မယ်လို့ဆိုပါ တယ်။ နိုင်ငံရဲ့ တစ်နှစ်ပဲစားသုံးမှုဟာ တန်ချိန် ၂၁ သန်းခန့်ရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှု လျော့ကျ ခြင်းကို ပြည်ပကတန်ချိန် ၃ သန်းခန့် တင်သွင်းဖြည့်ဆည်းရမှာဖြစ်ပါ တယ်။ ပြည်တွင်းရောင်းလိုအား၊ ဝယ်လို အား ညီမျှစေဖို့ ပဲမျိုးစုံတင်သွင်းရာမှာ ယခု နှစ် သြဂုတ်လကစပြီး ရူပီးတန်ဖိုး ဟာ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တဲ့ အတွက် တင်သွင်းသူများတင်သွင်းမှုကို လျော့ကျစေခဲ့ပါတယ်။ ပြည်တွင်းထုတ် လုပ်မှုကျဆင်းတဲ့အပြင် တင်သွင်းမှုပါ လျော့ ကျမယ်ဆိုရင် ပဲမျိုးစုံဈေးနှုန်း ဟာ အတက်ဘက်ကို ဦးတည်လာမှာ ဖြစ်ပါတယ်လို့ အသင်းဝင်တစ်ဦးဖြစ်တဲ့ Mr.Amurag Tulshan ကဆိုပါတယ်။ ပဲမျိုးစုံထုတ်လုပ်ရာမှ အထွက်နှုန်းနည်း ခြင်းဟာလက်ရှိအခြေအနေမှာ အဓိက ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံ တစ်ဟက် တာ အထွက်နှုန်းဟာ ကီလို ၆၀၀ သာရှိပြီး၊ ကနေဒါလို ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ တစ်ဟက်တာကီလို ၁၉၀၀-၂၀၀၀ နှုန်းအထိ ထွက်ရှိတယ်လို့ Mr. Kothari က ထောက်ပြပါတယ်။ ပဲမျိုး စုံ ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးအတွင်းတန့်နေတဲ့အတွက် အစိုးရ အနေနဲ့ အထွက်နှုန်းနဲ့ထုတ်လုပ်မှု တိုး တက်ဖို့ ဦးစားပေးဆောင်ရွက်သင့်တယ် လို့ ဆိုပါတယ်။ ယမင်းရွှေစင်Source: hindubusiness
Background