ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန်ချိန် ၈၄ နဲ့ ၆၃ တန် အသီးသီးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂-၁၆ရက်) အတွင်းမှာတော့ မြေထောက်ပဲတန်ချိန် ၁၇၂ တန်နဲ့ ထောပတ်ပဲ ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြေထောက်ပဲကို ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ အခြားပဲအုပ်စုများပါဝင်တဲ့ ပဲကြီးကို ဒီတစ်ပတ် ထိုင်းနဲ့ မလေးရှားကို ၈ တန်နဲ့ ဘိုကိတ်ပဲ ၉၈ တန်ကို ယူအေအီးနိုင်ငံကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ် FOB ဈေးကွက်မှာ ထောပတ်ပဲ အရောင်းအဝယ်မရှိဘဲ မြေထောက် ပဲ တန် ၁၂၀ နဲ့ အခြားပဲ ၂၀၁ တန် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ FOB ဈေးအနေနဲ့ ဒီဇင်ဘာ ၂၃ ရက်မှာလည်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ထောပတ်ပဲ FAQ တစ်တန်ကုန်ဒေါ် လာ ၇၃၀-၇၅၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background