လက်ရှိဆောင်းရာသီ စိုက်ပျိုးမှုမှာ ဂျုံစိုက်ဧရိယာမြင့်တက်ပေမယ့် ပဲမျိုးစုံ ဆီထွက်သီးနှံနဲ့ အခြားနှံစားသီးနှံ စိုက် ဧရိယာကတော့ ကျဆင်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ပါလီမန်မှ အတည် ပြု ပြောကြားပါတယ်။ သီးနှံရာသီဥတု စောင့်ကြည့်ရေးအဖွဲ့မှ ဒီဇင်ဘာ ၁၆ ရက်အထိ အပတ်စဉ်သီးနှံအခြေအနေ ကို အခြေခံပြီး အတည်ပြုပြောကြား ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၁-၂၀၁၂ အတွင်းဂျုံစိုက်ဧရိယာဟာယခင် ဆောင်းရာသီ ကာလတူနဲ့ယှဉ်ရင်ဟက် တာ ၄ သိန်းပိုမိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နှံစားသီးနှံ၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ဧရိယာကတော့ ယခင်နှစ်ကာလတူထက် ဟက်တာ ၂၈၀၀၀၀၊ ဟက်တာ ၁၁၀၀၀၀ နဲ့ ဟက်တာ ၆သိန်း အသီးသီး လျော့ကျ တယ်လို့ သိရပါတယ်။ နှံစားသီးနှံနဲ့ ပဲမျိုးစုံစိုက်ဧရိယာ လျော့ကျခြင်းဟာ အဓိကအားဖြင့် ဆောင်းရာသီစိုက် ပျိုးစဉ် အစိုဓာတ်များနေတာကြောင့် ကာနာတာကာနဲ့ မဟာရပ်ရှတရာ ပြည်နယ်တွေမှာ စိုက်ပျိုးမှုနည်းခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက်အထိ ဆီထွက် သီးနှံစိုက်ပျိုးမှု ဟက်တာ ၇ ဒသမ ၅၅ သန်းရှိပြီး၊ ယခင်နှစ်ကာလတူ က ဟက်တာ ၈ ဒသမ ၅ သန်းစိုက်ပျိုး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲမျိုးစုံ အနေနဲ့ ယခင်နှစ်ကာလတူ ဟက်တာ ၁၃ သန်း စိုက်ပျိုးပြီး၊ ယခုနှစ်မှာ ဟက် တာ ၁၂ ဒသမ ၉၄ သန်းကို အနည်း ငယ် လျော့ကျခဲ့ပါတယ်။ မိုးရာသီ ပဲစိုက်ပျိုးမှုလျော့ကျပြီး၊ အထွက်လျော့ ကျခြင်းနဲ့ ပတ်သက်လို့ လက်ရှိဆောင်း ရာသီအတွင်း အဓိက စားနပ်ရိက္ခာ သီးနှံစိုက်ဧရိယာ တိုးတက်စေဖို့ အစိုးရ က ပြည်နယ်များကို ရူပီး သန်းပေါင်း ၈၀၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၁၅ သန်း) အပိုဆောင်း ချထားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ယမင်းခင်၊Source: Businesstandard
Background