Main menu

Background

ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးကျဆင်း

Mon, 12/26/2011 - 07:44 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းသလို ကြိုပွိုင့် ဈေးကွက်မှာလည်း အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ကုလားပဲ ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှ ရောင်းချမှု များခြင်းကလည်း ကုလားပဲဈေးကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။    NCDEX ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလပို့ရမယ့် ကုလားပဲကြိုပွိုင့်ဈေးဟာ သုညဒသမ ၈၅ ရာခိုင်နှုန်းကျဆင်းပြီး ကုလားပဲတစ်တန် ရူပီး  ၃၃၇၉၀ (ကန် ဒေါ်လာ ၆၄၇) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းသီးနှံ MSP  ဈေးနှုန်းကို ရူပီး ၂၁၀၀၀ မှ ၂၈၀၀၀(ကန်ဒေါ်လာ ၄၀၂ မှ ၅၃၆) ကို ၃၃ ရာခိုင် နှုန်းတိုးမြင့်ပေးခြင်းက ကာလလတ်အတွင်း ကုလားပဲဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။    အစိုးရရဲ့ ပထမအကြိမ်ခန့်မှန်းချက်အရ ပဲမျိုးစုံထုတ်လုပ်မှုဟာ ယခင်ခန့်မှန်း ထားတဲ့ တန်ချိန် ၇ ဒသမ ၁၂ သန်းမှ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်း ဖွယ်ရှိခြင်းကလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ NCDEX မှ ဇန်နဝါရီလ စာချုပ်ဈေးဟာ တစ်တန် ရူပီး ၃၁၂၀၀-၃၅၀၀၀ (ကန်ဒေါ်လာ ၅၉၇-၆၇၀) အတွင်းမှာ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်၊Source:commodityonline