Main menu

Background

ဈေးအေးလို့ အဝင်လျော့တဲ့ ရှမ်းချင်းဈေးကွက်

Mon, 12/26/2011 - 07:47 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ ဟိုပုံးချင်းဈေးကွက် မှာတော့ နမ့်ခုတ်ချင်းတွေသာအဝင်ရှိနေပြီး၊ ဟိုပုံးချင်းကတော့ အဝင်မရှိသေးပါ ဘူး။ နမ့်ခုတ်ချင်းတွေလည်း အဝင်နည်းနည်းများလာတော့ အရင်တစ်ပတ်ကထက် ဈေးကျလာပြီး၊ အခက်ကြီးပြီးလှရင် တစ်ပိဿာ၂၈၀ ကျပ်ရှိပေမယ့် အခက်သေး ရင်တော့ တစ်ပိဿာ ၂၀၀ ကျပ်ကျော်သာရှိပါတယ်။လောလောဆယ်မှာလည်း နမ့်ခုတ်ချင်းက လက်လီသမားတွေသာ ဝယ်နေတာကြောင့် ဝယ်လိုအားက လျော့ နေတယ်လို့ဆိုပါတယ်။ ချင်း(စို)တွေ သိပ်အဝယ်မလိုက်ရင်တော့ ချင်းခြောက်အဖြစ် ပြန်လည်ပြုလုပ်မယ်လို့လည်း သိရပါတယ်။    အောင်ပန်းဈေးကွက်မှာလည်း ချင်းဈေးက အနည်းငယ်ကျလာလို့ အဝင်က လည်းနည်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေက ချင်းစိုတွေ ဈေးကွက်ကို အများကြီး ဝင်လာတာကြောင့် ဈေးကျပြီး၊ အဝင်နည်းနည်း ရပ်သွားတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ မြေနီချင်းအခက်လှတွေက တစ်ပိဿာ ၃၅၀ ကျပ် ဈေးရှိပြီး၊ မြေဖြူချင်းကတော့ ၃၀၀ ကျပ်သာ ရှိပါတယ်။ ချင်းခြောက်ဈေး တစ် ပိဿာ ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင်