Main menu

Background

ကျောက်ပန်းတောင်း မန်ကျည်းလက်ကျန်နည်းလာ၊ ရမည်းသင်း မန်ကျည်းသစ် ဈေးကွက် စဝင်

Mon, 12/26/2011 - 07:48 -- Anonymous (not verified)

    ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်မှာ မန်ကျည်းလက်ကျန်နည်းသွားပြီး ပိဿာနှစ်သောင်းခန့်သာရှိကြောင်းနဲ့ ရန်ကုန်(ဘုရင့်နောင်)ကို နေ့စဉ်တင်ပို့မှုမရှိဘဲ ၄-၅ ရက်ခြားတစ်ခါ ပိဿာ ၂၀၀၀-၃၀၀၀ ခန့်သာ တင်ပို့ကြောင်းသိရပါတယ်။ ယခု ရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့မှာ မန်ကျည်းအသား(ထိပ်စ) အစေ့ မပါ တစ်ပိဿာ ၂၆၀၀ ကျပ် - ၂၈၀၀ ကျပ်၊ အလတ်စ ၂၂၀၀ ကျပ် - ၂၃၀၀ ကျပ်၊ အောက်စ ၁၇၀၀ ကျပ် - ၁၈၀၀ ကျပ် ဈေးဖြစ်ပြီး၊ နှစ်ချို့မန်ကျည်းလက်ကျန် မရှိကြောင်း သိရပါတယ်။ ယခုဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလဆန်းတွင် မန်ကျည်း အသစ်ပေါ်မှာ ဖြစ်ပါတယ်။ ယခင်နှစ်က မန်ကျည်းပိဿာ ၅၅ သိန်းခန့်ထွက်ခဲ့ပြီး၊ ယခုနှစ်မှာ မန်ကျည်း အထွက်ကောင်းမှာဖြစ်တာကြောင့် ယခင်နှစ်ကထက် သုံးဆ ပိုထွက်မယ်လို့ ခန့်မှန်းကြောင်း ပွဲရုံပိုင်ရှင်တစ်ဦက ပြောပါတယ်။    မန္တလေးမြို့မှာ မန်ကျည်း(အသား)အစေ့မပါ တစ်ပိဿာလက်ကားဈေး ၂၈၀၀ ကျပ်၊ လက်လီဈေး ၃၀၀၀ ကျပ်ဖြစ်ကြောင်းသိရပါတယ်။ ရမည်းသင်းမြို့ နယ်မှာ မန်ကျည်းအသစ်ဈေးကွက်စတင်နေပြီဖြစ်ကြောင်းနဲ့ မန်ကျည်း (ဓားစင်း) တစ်ပိဿာ ၂၅၀၀ ကျပ် - ၂၆၀၀ ကျပ် ဈေးဖြစ်ကြောင်းသိရပါတယ်။    သင်းသင်းအိ