Main menu

Background

တရုတ်နယ်စပ်မှ ပို့ပြီး အိန္ဒိယနယ်စပ်က တင်သွင်းတဲ့ ပရဆေး

Mon, 12/26/2011 - 07:50 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၂၄ သန်းဖိုးရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ထက်ဝက် ကျော်တင်ပို့မှု ကျဆင်းခဲ့ တာတွေ့ရပါတယ်။ သီဟိုဠ်စေ့ (အခွံမပါ)၊  နနွင်းတက်၊ ရှားဆေးတို့ကို ပိုမိုတင်ပို့နိုင်ခဲ့ ပေမယ့် ဇီးဆံ၊ ချဉ်ပေါင်ဖာလာ၊ ကွမ်းစားဂမုန်း၊ မိချောင်းကွမ်းဖတ်စေ့၊ ကြောင် လျာစေ့၊ တောင်လုံးကျော်၊ တောချင်းနဲ့ တောဂျူးမြစ်တို့ အပို့လျော့ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ - အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်စခန်းကနေ တောင်လုံးကျော်၊ ဇာတိပ္ဖိုလ်သီးနဲ့ ဟင်းရိုင်းဖြူ စုစုပေါင်း ၁၃တန်နီးပါး တန်ဖိုးကျပ် ၁၇ ဒသမ ၅၂ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)