ဒီဇင်ဘာ ၁၉ ရက် အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲအဝင်များသော်လည်း လှောင်လက်တွေရဲ့ ဝယ်လိုအားကြောင့် ဈေးနှုန်း ခိုင်မာလျက်ရှိတယ်။ ဒါ့အပြင် တင်သွင်းလာတဲ့ မတ်ပဲဈေးနှုန်းများ မြင့်မားခြင်း၊ ပဲခွဲစက်တွေရဲ့ ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် လက်ရှိ ရက်သတ္တပတ်အတွင်း မတ်ပဲတစ်ကွမ်တယ်လ်ကို ၁၀၀ ရူပီး ဈေးမြင့်နိုင်တယ်လိ့ု ခန့်မှန်းကြတယ်။ ပဲတီစိမ်းကိုတော့ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးနှုန်းအားနည်းတယ်လို့ သိရတယ်။ ဒါ့အပြင် ဈေးကွက်တွေအတွင်း ပဲတီစိမ်းအဝင်များခြင်းက ဈေးနှုန်းကို ထပ်မံဖိအားပေးနေတယ်။ ဒါကြောင့် ဈေးကျနေချိန် လှောင်လက်တွေဝယ်ယူနေ ကြခြင်းကြောင့် ပဲတီစိမ်းတစ်ကွမ်တယ်လ်ကို ၅၀-၁၀၀ ရူပီး ဈေးမြင့်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ပဲစင်းငုံဈေးနှုန်းတွေ ယခင်အပတ်ကထက် အနည်းငယ်အားနည်းလာတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ မဟာရတ်ရှ်ရာမှာ ပဲစင်းငုံသီးနှံပျက်စီးတဲ့သတင်းကြား အပြီး လှောင်လက်တွေက အရောင်းလျှော့ချလိုက်ရာ ယခုအပတ်အတွင်း ပဲစင်းငုံ တစ်ကွမ်တယ်လ်ကို ၁၀၀ ရူပီး ဈေးမြင့်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ကုလားပဲဈေးနှုန်းမှာတော့ ဒေလီလက်ငင်းဈေးကွက်မှာ ဈေးနှုန်းခိုင်မာနေ တယ်လို့ သိရတယ်။ NCDEX မှာ ဒီဇင်ဘာလကြိုပွိုင့်စာချုပ်ရောင်းချရက် ကုန်လွန် ခါနီးကာလ ဝယ်လိုအားများလာခြင်းက လက်ငင်းအရောင်း ဈေးနှုန်းကိုပါ မြင့်မားစေတယ်လိ့ု သိရတယ်။ ဒါ့အပြင် ရောင်းလိုအားလည်း နည်းနေရာ ယခု အပတ်အတွင်း ရာဂျစ်စသန်မှ ကုလားပဲတွေ တစ်ကွမ်တယ်လ်ကို ရူပီး ၅၀ မှ ၁၀၀ အထိ ဈေးမြင့်နိုင်ဦးမယ်ခန့်မှန်းကြတယ်။ပပ၊Source:nscommoditynews.com, etrademyanmar.com
Background