Main menu

Background

ဟိုပုံးနနွင်းဈေးကွက် လက်လီအဝယ်သွက်

Mon, 12/26/2011 - 08:15 -- Anonymous (not verified)

    ရှမ်းနနွင်းကလည်း လက်လီသမားတွေသာ ဝယ်ယူမှုရှိတာကြောင့် အနည်းအကျဉ်းသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်း(စို)တစ်ပိဿာ ၇၀ ကျပ် - ၈၀ ကျပ်ဈေးသာရှိပါတယ်။ အခုလို ပေါ်ကာစ အစိုဓာတ်များချိန် နနွင်းခြောက်လုပ်ရင်လည်း ၇ ပိဿာပြုတ်မှ ၁ ပိဿာတင်ကျန်မှာဖြစ်တာကြောင့် ချင်းခြောက်ဈေးက တစ်ပိဿာကို ၇၀၀ ကျပ်ဈေးရှိနိုင်ပါတယ်။     အောင်ပန်းနနွင်းကတော့ ရိုးရိုးနနွင်းခြောက်ဆိုရင် တစ်ပိဿာ  ၄၀၀ ကျပ် - ၅၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်း ကတော့တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးသာရှိပါတယ်။ ဒေသစုံက လက်လီသမားတွေ ဝယ်ယူနေပြီး၊ တစ်ပတ်အတွင်း နနွင်း ပိဿာချိန် ၁၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း အောင်ပန်းပွဲရုံတွေက သိရပါတယ်။               ဧဧခိုင်