ဓာတ်မြေသြဇာအဝင် အားကောင်းဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ကာလအတွင်း ပြည်တွင်းဈေးကွက်ကို ဓာတ်မြေသြဇာ တန်ချိန် ၁၄၃၅ ဒသမ ၇၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ် မြေသြဇာတွေမှာ တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် တန်ချိန် ၅၀၀၊ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာ တန်ချိန် ၄၄၆ ဒသမ ၅၊ မလေးရှားမှ ဓာတ်မြေသြဇာ တန်ချိန် ၂၀၀၊ ထိုင်းနိုင်ငံမှ ကောမတ်မြေသြဇာ တန်ချိန် ၁၅၄၊ နယ်သာလန်နိုင်ငံမှ မြေသြ ဇာတန်ချိန် ၈၅ ဒသမ ၂၀ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၅၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခုနစ်ရာကျော်သာ အဝင်ရှိခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန် ၁ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်မြေသြဇာအဝင် အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)နယ်စပ်လေးခုကဝင်တဲ့ ဓာတ်မြေသြဇာ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်းနယ်စပ်စခန်းများမှ ဘိလပ်မြေ ၁၅၀၄၇ တန် ကန်ဒေါ်လာ ၃ ဒသမ ၂၂၉ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် တင် သွင်းမှုတွေကတော့ မူဆယ်မှ ၁၄၂၄၈ တန်၊ ကော့သောင်းမှ ၃၁၆ တန်၊ မောင်တောမှ တန် ၂၀၀ နဲ့ ရိဒ်မှ ၂၈၃ တန် အသီးသီး ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ အမိုနီ ယမ်ဆာလဖိတ်၊ အမိုနီယမ်နိုက် ထရိတ်၊ ကွန်ပေါင်း၊ ပိုတက်ဆီယမ်နိုက်ထရိတ်၊ စင်ဂယ်စူပါဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ ယူရီးယားဓာတ်မြေသြဇာတို့ ဖြစ်ပါ တယ်။ MIRT (DOBT)ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ တရုတ်နဲ့ ထိုင်း ဓာတ်မြေသြဇာတွေက ပုံမှန်ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဓာတ်မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးမှ ဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေကတော့ ပုလဲ အသေး ၄၆% (ရွှေတုံး)၊ ရွှေပျား၊ ရွှေတောင်(တရုတ်) ယခင်ဈေးအတိုင်း တစ် အိတ်ကို ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ အစိမ်း ရောင်(ထိုင်း)က ယခင် တစ်ပတ် ၃၅၅၀၀ ကျပ်မှ ယခု ၃၅၀၀၀ ကျပ်၊ တီဆူပါ ၄၆% (သံကွင်း-တရုတ်) က ယခင် ၂၇၅၀၀ ကျပ်မှ ယခု ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (မျှား-တရုတ်) က ယခင် ၂၇၀၀၀ ကျပ်မှ ယခု ၂၈၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မျှားကမ္ဘာ-တရုတ်) က ယခင် ၁၃၅၀၀ ကျပ်မှ ယခု ၁၃၀၀၀ ကျပ်ဈေးဖြင့်လည်းကောင်း ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာဈေးက အရောင်းအဝယ် အေးနေတယ် လို့ဆိုပါတယ်။ ဒီအချိန်က ဓာတ်မြေသြဇာသုံးတဲ့ ရာသီချိန်လည်း မဟုတ်တော့ တာကြောင့် ဈေးကွက်အတွင်း အရောင်းအေးရတာလို့ပြောပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း ဖြစ်နေပေါ်နေတဲ့ ဈေးနှုန်းတွေက ယခင်တစ်ပတ်အတိုင်း မပြောင်းလဲပဲ ရှိနေပါတယ်။ မျှားကမ္ဘာ-တရုတ် (အပြာ) ဆင် ၁၀း၁၀း၅ က တစ်အိတ်ကို ၁၆၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်၊ အာမို ၁၅ ပတ် လည်က ၃၆၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၁၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၂၀၀ ကျပ် ၊ တီစူပါက ၂၆၂၀၀ ကျပ်နဲ့ တောင်သူမက ၁၅၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ဓာတ်မြေသြဇာက တရုတ် ဓာတ်မြေ သြဇာ အနည်းငယ်ဈေးတက်လာတယ်လို့ သိရပါတယ်။ ဒီလိုတက်ရတာ ကလည်း တရုတ်ဝယ်ရင်းဈေးလည်းတက်လာတာကြောင့်လို့ ပြောပါတယ်။ အရောင်းပါးတဲ့ မြေသြဇာတွေက ဈေးအနည်းငယ်ကျလာပါတယ်။ အတက် အကျက တစ်အိတ်ကို ၅၀၀ ကျပ်နဲ့ ၂၀၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိနေပါတယ်။ ဒီတစ်ပတ်ဖြစ်နေတဲ့ ဓာတ် မြေသြဇာဈေးတွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံး/ရွှေတောင်-တရုတ်) က တစ် အိတ်ကို ယခင်က ၂၀၅၀၀ ကျပ်မှ ယခု ၂၀၀၀၀ ၊ ယူရီးယား-(ပန်းဖူး-တရုတ်) က ယခင်က ၁၉၅၀၀ ကျပ်မှ ယခု ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ယခင်ဈေးအတိုင်း ၉၅၀၀ ကျပ်၊ တီစူပါ ၁၆% ကလည်း ယခင်ဈေးအတိုင်း ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ က ယခင် ၃၆၀၀၀ ကျပ်မှ ယခု ၃၅၀၀၀ ကျပ်နဲ့ ပိုတက်(တရုတ်)က ယခင် ၂၆၀၀၀ ကျပ်မှ ယခု ၂၈၀၀၀ ကျပ် ဈေး အသီးသီးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ယခင်တစ်ပတ် ဈေးတွေနဲ့ကြည့်ရင် ဈေးအနည်း ငယ်ကျလာတယ်လို့ သိရပါတယ်။ ကုမ္ပဏီက ဈေးချလို့ ကျတာလို့ သိရပါတယ်။ ဒီအချိန်က ဓာတ်မြေသြဇာသုံးတဲ့ ရာသီလည်းမဟုတ်တော့လို့ ဈေးကွက်ကို အကျ ဈေးနဲ့ချပေးတာလို့ ပြောပါတယ်။ဒီတစ်ပတ်မှာ ယူရီးယား(ရွှေတောင်-တရုတ်) က ၁၉၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) က ၂၀၃၀၀ ကျပ်၊ တီစူပါ ၄၆% တရုတ်က ၂၃၅၀၀ ကျပ်၊ တီစူပါ ၁၆% က ၉၂၀၀ ကျပ်၊ တီစူပါ ၁၂% က ၈၇၀၀ ကျပ် ဈေးရှိတယ်လို့သိရပါတယ်။ ကွန်ပေါင်း ၁၅း၁၅း၁၅ က ယခင်ဈေးအတိုင်း ၂၅၀၀၀ ကျပ်နဲ့ အာမိုက ၃၇၀၀၀ ကျပ်တို့ ဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်တွင် ဓာတ်မြေသြဇာက ယူရီးယားနဲ့တီစူပါတို့ ဈေးအနည်း ငယ်ကျနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ယူရီးယား-နေရွက်လှေနဲ့ ရွှေတောင်-တရုတ်က ယခင်တစ်ပတ် ၂၀၈၀၀ ကျပ်မှ ယခု ၂၀၆၀၀ ကျပ်၊ ကမ္ဘာလုံးတရုတ်က ယခင် ၂၀၆၀၀ ကျပ်မှ ယခု ၂၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ (အမ်-တရုတ်) က ယခင် ၁၇၀၀၀ မှ ယခု ၁၆၈၀၀ ကျပ်ဈေးရှိ နေပါတယ်။ ပိုတက်နဲ့ ကွန်ပေါင်း-ရွက်လှေ(ယိုးဒယား)တို့ကတော့ ဈေးနှုန်းမပြောင်း လဲပဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းပဲရှိနေတယ်လို့ သိရပါတယ်။ MIRT (DOT)
Background