ဒီတစ်ပတ် နို့ဆီနဲ့ နို့မှုန့်သာဝင်ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၁၁၄ ဒသမ ၁၉၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ထုတ်လုပ် တဲ့ ဒွန်းတံဆိပ်နို့ဆီတစ်မျိုးတည်းကိုသာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်သီ တင်းပတ် တန်ချိန် နှစ်ရာ့သုံးဆယ် ကျော်အောင်ဝင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တော့ တန်ချိန်တစ်ဝက်လျော့ပြီး တင် သွင်းခဲ့ပါတယ်။ နို့စိမ်းက ယခင်တစ် ပတ်မှာ တန်ချိန်သုံးရာကျော်နဲ့ ဝင်ခဲ့ ပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်နားခဲ့ပါ တယ်။နို့မှုန့်က နယူးဇီလန်မှ တန်ချိန် ၁၅၃ ဒသမ ၉၄၊ USA မှ ၁၆ တန်နဲ့ အီရန် နိုင်ငံမှ ၅ ဒသမ ၄တန် စုစုပေါင်း ၁၇၅ ဒသမ ၃၄ တန်ကို မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် တန်ချိန် သုံး ဆယ်ကျော်သာအဝင်ရှိခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာတော့ ဝင်အားကောင်း ကောင်းနဲ့ ဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ နို့မှုန့်အသွင်းလျော့ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်းတော့ ကော့သောင်းနယ် စပ်မှ နို့ဆီ ၇၆၀၀ ဒါဇင်၊ (၁၉၀၀ တာ) တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၀၃၃ သန်း၊ နို့စိမ်း ၁၈၄၈၈ ဒါဇင်၊ (၄၆၂၂ တာ) တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၈၅သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၁၇၀၀ တာ နဲ့ နို့စိမ်း ၈၀၀ တာ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာကို ၂၇၈၄၀ ကျပ် ဈေးပေါက် တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်ကနေ နို့မှုန့် ၁၅ တန် တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၀၄၃ သန်း တင်သွင်းခဲ့တယ်လို့လည်း သိရ ပါတယ်။ ယခင်အပတ်ထက် ထက်ဝက် ကျော် တင်သွင်းမှုလျော့ကျခဲ့ပါတယ်။ MIRT (DOBT)
Background