Main menu

Background

တဖြည်းဖြည်း တရွေ့ရွေ့နှင့် တက်လာသော အမေရိကန်ဒေါ်လာ ဈေးကွက်

Mon, 12/26/2011 - 08:37 -- Anonymous (not verified)

            အမေရိကန်ဒေါ်လာဈေးကွက်သည် ဒီတစ်ပတ်တွင် ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ် တက်လာသည်ကိုတွေ့ရသည်။ ငွေလဲစင်တာတွင် ဈေးတက်လာခဲ့သ ကဲ့သို့ ပြင်ပငွေကြေးဈေးကွက်တွင်လည်း ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ရက်က ငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာ လျင် ၇၉၂ ကျပ်သာရှိခဲ့သော်လည်း ဒီဇင်ဘာ ၁၉ ရက်ရုံးဖွင့်ချိန်တွင် ၈၁၀ ကျပ် သို့ တက်သွားခဲ့သည်။ ချယ်ရီမီနီဆလွန်းကားများ အဝယ်လိုက်မှုနည်းတူ ကား အရောင်းစင်တာများ ဖွင့်လှစ်လာမှုကြောင့်လည်းကောင်း၊  နေပြည်တော်တွင် ကျောက်မျက်ရတနာ ရောင်းချပွဲပြုလုပ်မည့်သတင်းကြောင့်လည်းကောင်း၊ ယခုကဲ့ သို့ ငွေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။"အခုဒီရက်ပိုင်းမှာ ငွေဈေးက တစ်နေ့တစ်နေ့ အတက်ပဲမြင်နေရတယ်။ ငွေဈေးတက်လာတာတောင် အရောင်းအဝယ်က တန့်မသွားဘူး။ အရင်ထက် တောင် ပိုပြီးအလုပ်ဖြစ်နေသေးတာ။ အခုဒီတစ်ပတ်ထဲမှာ ပိုတောင်ဖြစ်သေးတယ်။ ကားတွေကလည်း အရင်လိုကန့်သတ်ချက်နဲ့  မဟုတ်ဘဲ လွတ်လပ်စွာဆိုတော့ ဒေါ်လာဝယ်တဲ့သူတွေများလာတာ။ အဲဒီတော့ အဝယ်များရင် ငွေဈေးက တက်လာ တာပဲ။ ဒါကပုံသေနည်းလို တွက်လို့ရတယ်လေ။ အဝယ်လိုက်ရင် ဈေးတက်မယ်။ အရောင်းများလာရင် ဈေးကကျသွားမယ်။ အခုတော့အဝယ်က ဒီတစ်ပတ်ဆို ပိုပြီးသိသာတယ်။ အဝယ်က လိုက်လာတာ။ တချို့ဆို တစ်နေ့တည်းကို သိန်းနဲ့ချီ ပြီး အရောင်းအဝယ်ဖြစ်နေတာ"ဟု ပြင်ပငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ငွေလဲစင်တာတွင်လည်း ဒေါ်လာရောင်းသူများထက် ဝယ်သူများမှာ ယခင် ကထက် ပိုမိုများပြားလာကြောင်း သိရသည်။ငွေလဲစင်တာတွင် ဒီဇင်ဘာ ၁၉ ရက်က တစ်ဒေါ်လာလျင် ရောင်းဈေး ၈၁၀ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ၈၂၀ ကျပ်သို့တက်သွားခဲ့သည်။ ဒီဇင်ဘာ   ၂၁ ရက်တွင် ၈၁၅ကျပ်သို့ ပြန်ကျသွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ ၈၁၅ ကျပ်ဖြင့် တည်ငြိမ်နေခဲ့သည်ကို တွေရရသည်။ စင်တာဝယ်ဈေးမှာမူ ဒီဇင်ဘာ ၁၉ ရက်က ၇၉၅ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ၈၀၅ ကျပ်သို့ တက်လာခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ရက်အထိ ၈၀၀ကျပ်ဖြင့်ဈေးနှုန်းငြိမ်ခဲ့သည်ကိုတွေ့ရသည်။ပြင်ပငွေကြေးဈေးကွက်တွင် ဒီဇင်ဘာ ၁၉ရက်က အမေရိကန် တစ်ဒေါ်လာ လျင် ၇၉၄ကျပ်ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၀ရက်တွင် ၇၉၈ကျပ်အထိ အမြင့်ဆုံးတက် သွားခဲ့ပြီး ဒီဇင်ဘာ ၂၃ရက်ငွေဈေးပိတ်ချိန်တွင် ၇၉၉ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ကို တွေ့ရသည်။ ပြင်ပငွေဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာရောင်းဈေးမှာ သိသိ သာသာတက်သွားခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန် တက်သွားခဲ့သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ဈေးတက်မှုမှာ နေ့စဉ်အဝယ်လိုက်နေမှုကြောင့်ဖြစ်ရပြီး ဖြစ်သင့် ဈေးတက်မှု မျိုးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။"ဒီလိုမျိုးဈေးတက်တာဟာ ဖြစ်သင့်တဲ့ပုံစံမျိုးပါ။ တစ်နေ့ကို နှစ်ကျပ် သုံးကျပ် တက်တာ သိပ်မသိသာဘူး။ ဒါမျိုးကိုလက်ခံနိုင်ရမယ်။ တစ်နေ့တည်းကို ၁၀ ကျပ် ၁၅ကျပ်တက်မယ်ဆိုရင် ဒါဟာ  သဘာဝမကျတဲ့ဈေးတက်မှုမျိုးလို့ သတ်မှတ်ရ မယ်"ဟု ဒေါ်လာနှင့် မြန်မာငွေ လာရောက်လဲလှယ်သူတစ်ဦးက  မှတ်ချက်ပြု သွားခဲ့သည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ သိသိသာသာ မြင့်တက်သွားခြင်းမရှိဘဲ တည် ငြိမ်နေသည်ကို တွေ့ရသည်။ ဒီဇင်ဘာ ၁၉ ရက်က ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ၈၂၈ ကျပ်ရှိသော်လည်း ဒီဇင်ဘာ ၂၃ ရက် ဈေးပိတ်ချိန်တွင် ၈၂၇ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။ ပို့ကုန်ဝင်ငွေ တန်ဖိုးငြိမ်သက်နေရခြင်းမှာ နှစ်သစ်ကူးကာလ နီးကပ် လာမှုနှင့်အတူ ခရစ္စမတ်ပွဲတော်ကြောင့် ကုန်သည်များမှလုပ်ငန်းများကို ခေတ္တရပ် ဆိုင်းထားခြင်းကြောင့်ဖြစ်ရကြောင်း ပွဲစားတစ်ဦးမှသုံးသပ်ပြခဲ့သည်။MTD, KM2O