Main menu

Background

စိန်ဝယ်ယူထားသူများ အသွင်းများ

Mon, 12/26/2011 - 08:37 -- Anonymous (not verified)

           ယခုလတွင် စိန်ဝယ်ယူထားသူများမှ ဆိုင်များသို့အသွင်းများလျက်ရှိကြောင်း၊ မန္တလေး Gem Center စိန်အရောင်း ဆိုင်များမှ သိရပါတယ်။ စိန်အရောင်းဆိုင်ရှင်တစ်ဦးက "ဒီလ ထဲမှာ အပြင်ဝယ်လက် (နယ်လက်) ပါး တယ်။ မြေဈေးမြင့်နေလို့ စိန်ပြန်လာ သွင်းတဲ့သူများနေတာ။ဝယ်တဲ့သူလည်း အနည်းအကျဉ်းရှိပါတယ်။ ကိုယ့်မိတ်နဲ့ ကိုယ်ရောင်းနေရတော့ ပြန်သွင်းလက်ခံ တာနဲ့ မျှပါတယ်။ စိန်ပြန်ဝယ်ရတာက မရှုံးဘူး။ တချို့ပစ္စည်းဆို အရောင်တင် ပြီးပြန်ရောင်းလိုက်တယ်။ ဝယ်ကတည်း က ပြန်သွင်းတဲ့အခါ ပေါက်ဈေးယူချင် ရင် စိန်ပြုလုပ်ရတဲ့  အလျော့တွက်၊ ပစ္စည်းခပ်ရတဲ့  လက်ခ  နုတ်တွက်ပေး တာပဲရှိသလို ရာခိုင်နှုန်းနဲ့ တွက်တာ လဲရှိတယ်။ ဘောက်ချာမှာပြန်သွင်းမယ့် ပုံစံကိုတစ်ခါတည်း ထည့်ရေးပေးတာ။ အထည်ကြီးရင် အလျော့တွက်ပဲ လျော့ တယ်။ ပျက်စီးမှုပါတဲ့ပစ္စည်းကို ပြန်ကွပ် တယ်။ ပုလဲကို ရေမွှေးဖျန်းမိလို့ ကွက် သွားတာမျိုးဆို မယူဘူး"လို့ ပြောပါ တယ်။ စိန်ဈေးနှုန်းမှာ တန်ခူးလနောက် ပိုင်း ပုံမှန်ဈေးဖြင့်သာ အရောင်းအဝယ် ရှိကြောင်းသိရပါတယ်။ ကျင်ဖြူစိန် ၁၀ လုံးစီး တစ်ရတီ ကျပ် ၃၈၀၀၀၀ နဲ့ ကျပ် ၄၅၀၀၀၀ ကြား၊ ၂၀ လုံးစီးနဲ့ ၂၅ လုံးစီး ကျပ် ၂၅၀၀၀၀နဲ့ ကျပ် ၃၀၀၀၀၀ကြား၊ အပြစ်အနာမပါရင် ကျပ် ၃၅၀၀၀၀၊ ၄၀ လုံးစီး ကျပ် ၂၂၀၀၀၀ နဲ့ ကျပ် ၃၀၀၀၀၀ ကြားရှိပြီး၊ ရွေးစိန်များလာ သွင်းပါက နားကပ်အကောင်းအသန့် ဆိုရင် ကျင်ဖြူဈေးဖြင့် တွက်ယူကြောင်း သိရပါတယ်။               ဇူးဇူး