Main menu

Background

ရာသီဥတုအပေါ် စိုးရိမ်မှုများရှိပြီး၊ ရောင်းချမှုလျှော့လာလို့ စားအုန်းဆီကြမ်းဈေး နှစ်ပတ်အတွင်း အမြင့်ကိုပြန်ရောက်လာ

Mon, 12/26/2011 - 08:45 -- Anonymous (not verified)

     အဓိက ပဲပုပ်နဲ့ စားအုန်းဆီစိုက်ပျိုးရာဒေသများမှာ ရာသီဥတုဆိုးဝါးခြင်း အပေါ်စိုးရိမ်မှုများဖြစ်ပေါ်၍ ရင်းနှီးမြုပ်နှံသူများမှ ရောင်းချမှု နည်းလာကာ မလေး ရှား စားအုန်းဆီကြမ်းဈေးလည်း အမြင့်ဖြင့် ပိတ်ခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် အမေရိကန်နဲ့ ဂျာမဏီစီးပွားရေး အပေါင်းလက္ခဏာပြလာတဲ့ သတင်းများကလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းပေါ် စိုးရိမ်နေရမှုများလျော့ပါးစေခဲ့တဲ့အတွက် ယခုလို ဈေးပိုလာတာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။     ဘာစာမလေးရှားကုန်စည်ဒိုင်မှာ မတ်လအခြေခံစံနှုန်းစာချုပ်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ရင်းဂစ် ၃၀၇၂ (ကန်ဒေါ်လာ ၉၆၆ဒသမ ၆၅) နဲ့ပိတ်ခဲ့လို့ ဒီဇင်ဘာ ၉ ရက် နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဝယ် ရှိခြင်းနဲ့ ရောင်းချမှု အခြေအနေများအရ စားအုန်းဆီကြမ်းဈေး မကြာခင် ရင်းဂစ် ၃၁၂၀ (ကန်ဒေါ်လာ ၉၈၁ ဒသမ ၇၅)အထိ မြင့်တက်နိုင်တယ်လို့ ဂျကာတာရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။    ပဲပုပ်အဓိကစိုက်ပျိုးရာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ ရာသီဥတုခြောက်သွေ့ ခြင်းနဲ့ အရှေ့တောင်အာရှ မှာ စားအုန်းဆီအထွက်လျော့ကျခြင်းကို ပေါင်းစပ်ပြီး၊ ၂၀၁၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ပဲပုပ်ဆီနဲ့ စားအုန်းဆီ ဈေး အမြင့်ကို တက်လာ နိုင်တယ်လို့ ဟမ်းဘတ်အခြေစိုက် ဆီထွက်သီးနှံ သတင်းအချက်အလက်ဌာန ဥငူ  ွျှသမိူ မှ ဆိုပါတယ်။ စားအုန်းဆီထုတ်လုပ်မှုဟာ ၂၀၁၂ ဇန်နဝါရီမှ မတ်လအထိ ကျဆင်းဖွယ်ရှိလို့ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ ကမ္ဘာ့လက်ကျန်က လည်း တန်ချိန် ၁ ဒသမ ၂ သန်းကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။    မလေးရှားနိုင်ငံမှာ အနောက်မြောက်မုတ်သုန်က မိုးသည်းထန်စေပြီး၊ လာနီ ညာ ဖြစ်စဉ်ကြောင့် ရိတ်သိမ်းမှု နှေးကွေးကာ စားဆီချက်လုပ်တဲ့ သန့်စင်စက်များ ကို သယ်ယူပို့ဆောင်မှုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ မလေးရှားရာသီ ဥတုဗျူရိုမှ ပြောကြားချက်အရ စားအုန်းဆီ အဓိကစိုက်ပျိုးတဲ့ Jh  Johor  ပြည်နယ်မှာ မိုးအသင့်အတင့် ရွာသွန်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ယင်းဒေသမှာ ရေနစ်မြပ်မှု မဖြစ်နိုင်ပေမယ့် မကြာသေးခင်မိုးသည်းထန်မှုကြောင့် အလုပ်သမားများ အသီးခူး ဆွတ်ဖို့ အခက်အခဲဖြစ်ခဲ့တယ်လို့ စိုက်ခင်းမှ ပြောကြားပါတယ်။ ယင်းဒေသမှ ဒီဇင်ဘာလ စားအုန်းဆီထွက်ရှိမှုဟာ နိုဝင်ဘာလထွက်ရှိခဲ့တဲ့ တန်ချိန် ၁ ဒသမ ၆၃ သန်းထက် ၁၆ - ၂၂ ရာခိုင်နှုန်းအတွင်း  ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။    လက်ငင်းဈေးကွက်မှာ ဇန်နဝါရီလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးဟာ တစ်တန်ကန်ဒေါ်လာ ၁၀၄၅ ရှိပြီး၊ ဧပြီ၊ မေ၊ ဇွန်လအတွက် ဈေးနှုန်းမှာ ကန် ဒေါ်လာ ၁၀၁၅ မှ ၁၀၂၀ အတွင်းဈေးနဲ့ရောင်းဝယ်ခဲ့တယ်လု့ိ သိရပါတယ်။ ချက် ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ ရင်းဂစ် ၁၀ မြင့်ပြီး၊ တစ်တန် ရင်းဂစ် ၃၀၄၀ (ကန်ဒေါ်လာ ၉၅၇)ဈေးရှိခဲ့ပါတယ်။ယုဇန၊Source: Palmoilhz.com