မန္တလေးမြို့တွင်းကို မကွေးတိုင်းဒေသကြီး ရေနံချောင်း၊ ပခုက္ကူ၊ ချောက်၊ အောင်လံ၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘိုနဲ့ တိုင်းတွင်းဒေသများဖြစ်တဲ့ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာနယ်များမှ ထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်တို့ ဝင်ရောက်လာကြပြီး၊ မန္တလေးမှတစ်ဆင့်မူဆယ်သို့ ခရီးဆက်ကြပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလအတွင်း နှမ်းဖြူတစ်ပိဿာ ၁၃၃၃ ကျပ်၊ အမြင့်ဈေး ၁၅၃၃ ကျပ်၊ နှမ်းညို ၁၂၂၂ ကျပ်၊ အမြင့်ဈေး ၁၃၁၁ ကျပ်၊ နှမ်းနက် ၁၅၁၁ ကျပ်နဲ့ အမြင့်ဈေး ၂၀၂၂ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ နှမ်းဆီ တစ်ပိဿာ ၂၃၀၀ ကျပ် ၂၃၅၀ ကျပ်ရှိပြီး၊ နှမ်းဖတ် တစ်ပိဿာ ၆၃၀ ကျပ် - ၆၄၀ ကျပ်ဖြင့် ရောင်းဝယ်နေ ကြပါတယ်။ ဒီဇင်ဘာအတွင်း မူဆယ်တင်ပို့မှု အနေဖြင့် နှမ်းဖြူ ၂၄၀ တန်ခန့်၊ နှမ်းနက် ၁၇၅၀ တန်နဲ့ နှမ်းညို ၅၅ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ချိုချိုမြင့်
Background