Main menu

Background

ပဲစင်းငုံ

Mon, 12/26/2011 - 09:44 -- Anonymous (not verified)

 ပဲစင်းငုံ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်          ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၄၇၀၀၀    ၄၂၀၀၀၀                ၂       မန္တလေး       ၁ ပိဿာ         ၆၅၀           ၆၃၃        ၃      မုံရွာ             ၁ ပိဿာ         ၆၆၅           ၆၃၀        ၄     ပခုက္ကူ           ၁ ပိဿာ         ၆၆၀           ၆၄၀            ၅      မြင်းခြံ          ၁ ပိဿာ         ၆၄၀           ၆၁၀            ၆     အောင်လံ     ၁ ပိဿာ          ၆၅၀           ၆၃၀            ၇     မကွေး         ၁ ပိဿာ          ၆၆၅           ၆၂၀                   ၈      ပြည်           ၁ ပိဿာ         ၆၆၅           ၆၃၅   ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်    ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိနေသလို ရောင်းလက်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့  ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၂၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၇၀၀၀ ကျပ်အတွင်း  တန် ၁၈၄၀ သို့ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ(ဟောင်း)ကို ရန်ကုန် အဆွဲနည်းသွားပြီး ငုံနီ(သစ်)ကို ရန်ကုန်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ် အားများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ငုံနီ(ဟောင်း)တစ်ပိဿာ ၆၃၀ ကျပ်(တစ်တန်ကို ၃၈၅၈၀၅ ကျပ်)၊ ငုံနီ(သစ်) တစ်ပိဿာကို ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)တွေ ဈေးကွက်သို့ အဝင်ပုံ မှန်ရှိသလို (အဟောင်း)တွေလည်း ပုံမှန်အရောင်းရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၁၅ ကျပ် (တစ်တန်ကို ၄၃၇၈၅၈ ကျပ်) (ဟောင်း) တစ်ပိဿာ ၆၃၀ ကျပ် (တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၂၀၀ ခန့် ရန်ကုန်-မန္တ လေးအဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ (သစ်)က ဈေးကွက်သို့ အဝင်နည်းလို့ အရောင်းအဝယ် မဖြစ်သေးပဲ (ဟောင်း)ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၁၀ ကျပ် (တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၆၀၀ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီ(သစ်) ရော (ဟောင်း) ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်ကလည်း ပေါ် လာပြီ၊ ပဲဟောင်းကလည်း လှောင်ထားတာကြာပြီမို့ ရောင်းလက်တွေ ထုတ်ရောင်းပေမယ့် ရန်ကုန်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိ နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (ဟောင်း) တစ် ပိဿာ ၆၂၀ ကျပ်(တစ်တန်ကို ၃၇၉၆၈၁ ကျပ်) (သစ်) တစ်ပိÕဿာ ၆၈၀ ကျပ် (တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ဒီတစ် ပတ် ပဲစင်းငုံနီ (သစ်) ရော (ဟောင်း) ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်)တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်) (ဟောင်း)တစ်ပိဿာ ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁၃၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။