ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၆၀ ၂၈၅ ၂ လားရှိုး ၁ ပိဿာ ၂၉၅ ၃၀၅ ၃ မူဆယ် ၁ တန် ၂၂၂၅၄၇ ၂၂၇၆၈၈ ၄ မန္တလေး ၁ ပိဿာ ၂၉၆ ၃၀၉ပြောင်းကို တရုတ်နဲ့ အစာစပ်များ ဝယ်အားသွက်လို့ ဈေးမြောက် တောင်ကြီးဈေးကွက်သို့ နယ်စုံမှ ပြောင်းတွေအဝင်သွက်နေ သလို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကလည်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေ က ဈေးပေးအဝယ်ရှိနေသလို ရောင်းလက်များကလည်း တက်ဈေး မှာအရောင်းများခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈၅ ကျပ်နဲ့တစ်ပတ် အတွင်းပိဿာချိန် ၆၇၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ် ဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်က ဝယ်အားများလာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် ပိုများ လာတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ် အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၃၀၉ ကျပ်နှင့် တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဝယ်အားကောင်းနေသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၆၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။
Background