ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁၀၅၀ ၁၀၅၀ ၂ မန္တလေး ၁ ပိဿာ ၉၂၆ ၉၂၆ ၃ မုံရွာ ၁ ပိဿာ ၉၄၇ ၈၉၅ ၄ မြင်းခြံ ၁ ပိဿာ ၆၀၀ ၈၂၅ ကုလားပဲဖြူလုံးကြီးလက်ကျန်နည်းပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းလက်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၂၆ ကျပ်(တစ်တန်ကို ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၇၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မြို့ခံခွဲစက်တွေက ဝယ်လိုအား ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားပြီဖြစ် ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ အိတ်အနည်းငယ်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ဈေးနှုန်းသာရှိပြီး အရောင်းရော အဝယ်ပါအေးနေကြောင်း သိရပါ တယ်။
Background