ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၆၈ ၈၄၂ ၂ မန္တလေး ၁ ပိဿာ ၉၂၄ ၉၂၄ ၃ ပြည် ၁ ပိဿာ ၇၇၅ ၇၄၀ ၄ မကွေး ၁ ပိဿာ ၇၉၀ ၇၉၀ ၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၂၅ ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးအပေါ်မူတည်ပြီး အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို တရုတ်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရည်အ သွေးလိုတဲ့ ပဲတီစိမ်း(လတ်စ)ကတော့ တစ်ပိဿာ ၇၁၅ ကျပ်(တစ် တန်ကို ၄၃၇၈၅၈ ကျပ်)၊ အရည်အသွေးကောင်းတဲ့ (ထိပ်စ)က တစ် ပိဿာ ၉၂၄ ကျပ်(တစ်တန်ကို ၅၆၅၈၄၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၂၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး ဝယ်လက်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉၀ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်- မန္တလေးအဆွဲပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ တစ်ရက် ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်းသေးက နယ်စုံမှ ပုံမှန်ဝင်ရောက်မှုရှိသလို ရန်ကုန်-မန္တလေး အဆွဲကလည်း သွက်နေတယ်လို့ ဆိုပါတယ်။ (အကြီး)စကို မန္တလေးဝယ်လက်က တစ်ပိဿာ ၈၄၂ ကျပ်(တစ်တန် ကို ၅၁၅၆၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်၊ (အသေး)စကို ရန်ကုန် ဝယ်လက်က တစ်ပိဿာ ၇၈၉ ကျပ်(တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမနဲ့ ပန်းတောင်းမြို့ နယ်များမှ ပဲတီစိမ်းတွေအဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ် လက်ကလည်း အဝယ်လိုက်နေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၄၀ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background