Main menu

Background

ဈေးဆက်မာနေဦးမယ့် ပဲလွန်းဖြူ

Mon, 12/26/2011 - 10:11 -- Anonymous (not verified)

       မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူအရောင်းအဝယ် သွက်နေ ပါတယ်။ ဈေးကွက်ကို ဟုမ္မလင်း၊ ကလေးဝ၊ ဗန်းမော်၊ ကသာနဲ့ ရွှေဘို၊ မုံရွာက ပဲလွန်းဖြူသစ်များ ဝင်ရောက်နေပြီး၊ အရည်အသွေး လည်းကောင်း၊ ဝယ်လိုအားလည်းရှိလို့ အမြင့်ဈေးဘက်မှာ ရှိနေပါ တယ်။ ပဲလွန်းဖြူတစ်ပိဿာကို အရင်တစ်ပတ်က ၉၃၃ကျပ်- ၉၁၇ ကျပ် ပေါက်ဈေးရှိပြီး၊ အခုတစ်ပတ်မှာ အမြင့်ဆုံး ၁၀၁၇ ကျပ်ကနေ အနိမ့်ဈေး ၉၆၇ ကျပ်ထိဈေးပေါက်ပါတယ်။ တရုတ်ဈေးကွက် တင်ပို့ မှုကတော့ ဒီဇင်ဘာလတွင်းမှာ ဒုတိယပတ်အထိ တန်ချိန် ၈၀၀ ကျော်တင်ပို့ပြီးတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်  လက်ရှိကာလ အတွင်းမှာ တန်ချိန် ၄၄၀၀ ကျော်တင်ပို့ပြီးဖြစ်ပါတယ်။ ကုန်စည်ဒိုင် တွင်းမှာ တစ်ရက် ပဲလွန်းဖြူ အိတ် ၈၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်နေပြီး၊ သီးနှံအရည်အသွေးကောင်း၊ ဝယ်လိုအားလည်းကောင်း နေလို့ ပဲလွန်းဖြူဈေး ဆက်မာနေလိမ့်ဦးမယ်လို့ ဈေးကွက်က ခန့်မှန်း ပါတယ်။                                  သက်သက်နိုင်