Main menu

Background

ပဲစင်းငုံနီအသစ်ဝင်လို့ အဟောင်းဈေးကွက် အဝယ်သွက်

Mon, 12/26/2011 - 10:11 -- Anonymous (not verified)

            မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ဒီဇင်ဘာတတိယပတ် အတွင်း သက်နုပဲစင်းငုံနီအသစ်ဝင်ရောက်မှု အနည်းငယ်သွက်လာ သလို ပဲဟောင်းအနေနဲ့လည်း အဝယ်အရောင်း  ပုံမှန်ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ မုံရွာခရိုင်က ပဲစင်းငုံအဓိကစိုက်ပျိုးရာ အရာတော်၊ ပုလဲ၊ ယင်းမာပင်နယ်က သက်နုပဲစင်းငုံအချို့ ယခု အပတ်အတွင်း ဈေးကွက်ထဲဝင်လာခဲ့ရာ တစ်တင်း ၁၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံနီအဟောင်းဈေးကွက်မှာ တော့ ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ကျပ် ၁၃၃၀၀ ကနေ ၁၂၉၀၀ ထိ အနိမ့်ဆုံးကျဆင်းသွားပေမဲ့ မန္တလေးရန်ကုန်အဝယ်အော်ဒါရှိတဲ့ ဒေသခံကုန်သည်တွေ အဝယ်အရောင်းရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။                                     ထွန်းလှိုင်