မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ ၂ ဒသမ ၅၁၈ သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၁၆၀ တန်ကျော်ကို ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက် အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အစေ့မဲ့ဖရဲ တွေက တော့ ချပ်သေတ္တာတွေနဲ့ အဝင်များနေတယ်လို့ သိရပါ တယ်။ တရုတ်ဖက်မှာလည်း ဖရဲတွေပေါ်နေပြီဖြစ်တာကြောင့် ဖရဲသီးဈေးတွေ ကျဆင်းနေတယ်လို့ သိရပါတယ်။ ဖရဲ အညံ့စား တစ်တန်ကို ယွမ် ၁၈၀၀ ဈေးရပြီး အကောင်းစား ဖရဲကို ယွမ် ၂၂၀၀-၂၅၀၀ အထိ ဈေးရကာ အစေ့မဲ့ဖရဲက ယွမ်၂၈၀၀-၃၀၀၀ ကြား ဈေးပေါက်တယ်လို့ သတင်းရရှိပါ တယ်။ MIRT (DOBT)
Background