မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၀၄ ဒသမ ၀၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုများကတော့ MSR-20 ၂၇၀ တန်၊ RSS-3 ၇၄၃ တန်နဲ့ MSR-50 တန် ၁၀၀ တို့ဖြစ်ပါတယ်။ ချင်းရွှေဟော်နယ်စပ်ကတော့ RSS-3 ၃၁၄ တန်နဲ့ MSR-20 ၆၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ မူဆယ်နယ်စပ်က ယခင်အပတ်ထက် တန် ၂၀၀ ကျော် တင်ပို့ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်ကတော့ တန် ၃၀၀ ကျော် ယခင် အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်ရော်ဘာဈေးအနည်းငယ်မြင့်တက်ခဲ့ပေမယ့် တစ်ဖက်နိုင်ငံ ဈေး ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၈၅၈၃၈ ၂၅၇၉၇၁၄ ၆၁၂၄ ၀ .၂၃ ၃၃၁၅ ၃၃၁၅ - -RSS - 5 ၂၃၀၉၆၁၈ ၂၂၄၂၁၃၂ ၆၇၄၈၆ ၂ .၉ ၂၉၉၉ ၂၉၉၉ - - MIRT (DOBT)
Background