ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်မှာ အိမ်ခြံမြေဈေးကွက်သတင်းတိုးတက်မှု ထုတ်ပြန် ချက်သတင်း အရ ကုန်ကြမ်းပစ္စည်းများ ဝယ်လိုအားမြင့်တက်မယ်မှန်းပြီး၊ ရော်ဘာဈေးနှုန်းမှာ တစ်ပတ်အတွင်း အမြင့်ဈေးဖြစ်လာခဲ့ပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာ မေလကြိုရောင်းဈေးမှာ တစ်ကီလို ၂၇၇ ဒသမ ၉ ယန်းနဲ့ အရောင်းအဝယ်မဖြစ်မီ ၂၇၉ ဒသမ ၇ ယန်း (တစ်တန် ၃၅၉၇ ဒေါ်လာ )ဖြင့် ၃ ဒသမ ၁ ရာခိုင်နှုန်းဈေးတက်လာ ခဲ့ပါတယ်။ ယခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနဲ့ နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းနိမ့်ကျသွားပြီး ၃ နှစ်အတွင်း ကျဆင်းမှုအဆိုးရွားဆုံး ဖြစ်ပါတယ်။ အမေရိကန်သတင်းထုတ်ပြန်ချက် အရ နိုဝင်ဘာလမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အိမ်ခြံမြေပေါင်း ၆ ဒသမ ၈၅ သိန်းတိုးတက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်၊ ဧပြီလ နောက်ပိုင်း အများဆုံးဖြစ်လာခဲ့လို့ အာရှစတော့ ဈေးကွက်များ ပြန်လည်ဦးမော့လာပါတယ်။ စပိန်နိုင်ငံဟာ အများဆုံးမှန်းထားတာထက်ပိုပြီး ယူရို ၅ ဒသမ ၆၄ ဘီလီယံ (ဒေါ်လာ ၇ ဒသမ ၃၈ ဘီလီယံ)ဘီလ်ကို ထုတ်ရောင်းခဲ့ခြင်းနဲ့ တရုတ်သမ္မတ ဝမ်ကျားပေါင်က ပြည်ပတင်ပို့မှု ကိစ္စရပ်များကို ကူညီထောက်ပံ့ အာမခံပေးပြီး၊ နောက်ဥရောပ ငွေကြေးအကျပ် အတည်းဖြေလျော့လာမယ့် အနေအထားဖြစ်ပေါ်လာနိုင်တဲ့အတွက် အစုရှယ်ယာများနဲ့ ကုန်စည်ဈေးနှုန်းများ ကြိုတင်မြင့်လာ ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ဘီလ်ထုတ်ရောင်းမှုနဲ့ အမေရိကန်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာမှု ရလာဒ် ကောင်းများဖြစ်ခဲ့ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအကြိုမှာ ဈေးကွက်ထဲကို ဝင်ရောက်သူများလျော့ကျသွားတဲ့အတွက် အရောင်းအဝယ်ပါးကာ ဈေးနှုန်းပြောင်းလဲမှု ဟန်ပြအဖြစ်သာရှိခဲ့ပါတယ်။နယူးယောက်တွင် ရေနံဈေးမှာ တတိယမြောက်နေ့ ဈေးမြင့်လာခဲ့လို့ ရေနံမှ ထုတ်လုပ်တဲ့ ဓာတုထုတ်ကုန်မှ သဘာဝရော်ဘာကို အလိုအလျောက်ဝယ်လိုအားမြင့် လာပြီး၊ ကြိုရောင်းဈေးများ အားကောင်း လာပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်တို့မှာ မိုးသည်းထန်စွာရွာသွန်းနေလို့ အစေးထုတ်လုပ်မှုလုပ်ငန်းကို အဟန့်အတား ဖြစ်စေပြီး၊ ထုတ်လုပ်မှုလျော့ကျနေမှုကလည်း ရော်ဘာဈေးကို အထောက်အကူဖြစ်စေကြောင်း၊ ဘန်ကောက်အခြေစိုက် DS Futures Co မှ ကုန်စည်ပွဲစားတစ်ဦးက ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ရော်ဘာသုတေ သနဌာနမှ ထုတ်ပြန်ချက်အရ ရော်ဘာ လက်ငင်းပေါက်ဈေးမှာ တစ်ကီလို ၁၀၅ ဒသမ ၆၅ ဘတ် (တစ်တန် ၃၃၈၀ ဒေါ်လာ)ရှိခဲ့ပါတယ်။ နိုင်ငံတကာရော်ဘာ လေ့လာရေးအဖွဲ့ ထုတ်ပြန်ချက်အရ ဓာတုရော်ဘာနဲ့ သဘာ၀ ရော်ဘာသုံးစွဲမှုတိုးလာသဖြင့် လာမယ့်နှစ်မှာ ကမ္ဘာ့ဝယ်လိုအား တန်ချိန် ၂၇ ဒသမ ၂ သန်းထိမြင့်တက်လာနိုင်ကြောင်း၊ သဘာဝရော်ဘာမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဓာတုရော်ဘာမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း၊ ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှု ၅ ဒသမ ၁ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း သိရပါတယ်။ ရှန်ဟိုင်းကြိုရောင်းဈေးကွက်မှာ မေလကြိုရောင်းဈေးမှာ တစ်တန်ကို ၂၅၂၇၅ ယွမ် (၃၉၈၆ ဒေါ်လာ)ကို ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကြောင်း သိရပါတယ်။yyw - (mapt),Source: Bloomberg
Background