ဒီဇင်ဘာ ၁၉ ရက်မှာ ဥရောပေ<ကးမြီအကျပ်အတည်းကြောင့် ဝယ်လိုအားကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေအပြင် ရေနံစိမ်း ဈေးနှုန်းတွေကျဆင်းသွားမှုကြောင့် တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဒီဇင်ဘာ ၁၉ ရက်က စံသတ်မှတ်ထားတဲ့ မေလသင်္ဘာတင်မယ့်ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားကာတစ်တန်ကိုကန်ဒေါ်လာ ၃၄၃၀နဲ့ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါ တယ်။ တိုကျိုကြိုပွိုင့် ရောင်းဝယ်ရေးရဲ့ ရော်ဘာဈေးနှုန်းတွေက ရေနံစိမ်းနဲ့ စတော့ရှယ်ယာ အပါအဝင် အခြားကုန်စည်ဈေးနှုန်း တွေကျဆင်းပါက လိုက်ပါကျဆင်းလေ့ရှိတယ်။ ဒါ့အပြင် ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးရဲ့ မေလသင်္ဘာတင်မယ့် ရော်ဘာဈေးနှုန်းကလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၃၉၀၀ နဲ့ ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယရဲ့ သဘာဝရော်ဘာဈေးနှုန်းတွေကလည်း ယခုရက်သတ္တ ပတ်မှာ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှုကြောင့် ဈေးနှုန်းသက်သာပြေလျော့သွားနိုင်ပြီး ပြည်တွင်းတာယာထုတ်လုပ်သူတွေ ကလည်း ပြည်တွင်း ဈေးကွက်မှာ မှီခိုနေရမှုမှ လျော့ကျသွားကြောင်း သိရှိရတယ်။ ကမ္ဘာ့ရော်ဘာအများဆုံးထုတ်လုပ်သူနဲ့ တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်အတွက် ရော်ဘာ ထုတ်လုပ်မှုက ၅ ရာခိုင်နှုန်းမြင့်တက်နိုင်ပြီး ပို့ကုန်ကလည်း ၂၀၁၁ ခုနှစ် တန်ချိန် ၂ ဒသမ ၇ သန်းမှ အနည်းငယ်တက်ကာ တန်ချိန် ၂ ဒသမ ၈ သန်းကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။အေးမွန်မွန်လှိုင်၊Source: www.brecorder.com,sg.finance.yahoo.com
Background