Main menu

Background

၂၀၁၂ တတိယ ၃ လပတ်မှစပြီး ကမ္ဘာ့သကြားဈေး တစ်ပေါင် ကန်ဒေါ်လာ ၂၅ ဆင့် ကျော်လွန်နိုင်

Mon, 12/26/2011 - 10:54 -- Anonymous (not verified)

    ၂၀၁၂ ဒုတိယ ၃ လအတွင်း ကမ္ဘာ့သကြားဈေး အနိမ့်ဆုံးကို ကျဆင်းပြီး နောက် တတိယ ၃ လပတ်မှစပြီး၊ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၅၁)အထက်ကို မြင့်တက်နိုင်တယ်လို့ Mocquarie  Group   မှ ပြောကြားပါတယ်။ ၂၀၁၂ ပထမ နှစ်ဝက်အတွင်းမှာတော့ ဥရောပသမဂ္ဂ၊ အမေရိကား အလယ်ပိုင်း၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ သကြားရောင်းချမှုတိုးတာကြောင့် သကြားဈေး ဆက်လက်နိမ့်မယ်လို့ ဆိုပါတယ်။    အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ သကြားဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ပြီး၊ ထိုင်းနိုင်ငံဟာ ဒုတိယအများဆုံး တင်ပို့သူဖြစ်ပါတယ်။ သကြားတစ်ပေါင် ကန်ဒေါ် လာ ၂၀ ဆင့် (တစ်တန် ကန်ဒေါ်လာ ၄၄၁) သာရှိပါက ဘရာဇီးသကြားစက် များဟာ အီသနောထုတ်လုပ်လာကြလိမ့်မယ်လို့ လေ့လာဆန်းစစ်သူ Kona  Haque  က ဆိုပါတယ်။ ဈေးနှုန်းနိမ့်ရင် အိန္ဒိယရဲ့ ထုတ်လုပ်မှု စတင်ကျဆင်းလာ လိမ့်မယ်လို့ ဆိုပါတယ်။    ဘရာဇီး သကြားစက်များဟာသကြားနဲ့အီသနောထုတ်လုပ်ဖို့၎င်းင်းတို့ ကုန်ကြမ်း ကို အသုံးပြုလာနိုင်ပါတယ်။ ၂၀၀၄-၂၀၀၅ မှာ အိန္ဒိယရဲ့ သကြားထုတ်လုပ်မှု တန်ချိန် ၁၄ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ စုစုပေါင်းတန်ချိန် ၃၀ ဒသမ ၈ သန်းအထိမြင့်တက်လာခဲ့တယ်လို့ USDA  ဝဘ်ဆိုဒ်စာရင်းများအရ သိရပါတယ်။ လက်ရှိရာသီအတွင်း ခန့်မှန်းတန်ချိန် ၂၈ ဒသမ ၃ သန်းကို  မရောက် ရှိမီ ပြီးခဲ့တဲ့ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ သကြားတန်ချိန် ၁၅ ဒသမ ၉၅ သန်းကို ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။    ကမ္ဘာ့ထိပ်တန်း ဘရာဇီးနိုင်ငံရဲ့ သကြားထုတ်လုပ်မှုဟာ ကြံပြန်လည် စိုက်ပျိုး မှုနှုန်း နှေးကွေးခြင်းနဲ့ ရာသီဥတု ခြောက်သွေ့ခြင်းတွေကြောင့် ဧပြီလမှာစတင်တဲ့ ၂၀၁၂-၁၃ ရာသီအတွင်း သကြား ထုတ်လုပ်မှု တိုးတက်နိုင်ဖွယ် မရှိဘူးလို့ သိရပါ တယ်။ယမင်းခင်၊Source: Bloomberg