မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်တွင် စိုက်ပျိုးနိုင်သောလယ်ယာ မြေများအား စိုက်ပျိုးရေးလုပ်ငန်း မပြု လုပ်ဘဲ ခြံကွက်ရိုက်ရောင်းချခြင်း၊ အခြားနည်းများအသုံးပြုပါက မြေယာ ဥပဒေအရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီက ကြေညာ ချက် ထုတ်ပြန်ထားကြောင်း သိရပါ တယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့နယ်တွင် ရတနာပုံ ဆိုက်ဘာ စီးတီး တည်ဆောက်ခြင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်းမကြီး ဖောက်လုပ်ခြင်းတို့ ကြောင့် မြို့ပြဖွံ့ဖြိုးမှုနဲ့အတူ မြေကွက် ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် များကလည်း မန္တလေး-ပြင်ဦးလွင် ကား လမ်းဘေးနဲ့ ပြင်ဦးလွင်-မိုးကုတ် ကား လမ်းဘေးရှိ မြေကွက်များအား ဧက အလိုက်ဝယ်ယူခြင်း၊ အကွက်ရိုက်ကာ ရောင်းချလျက်ရှိခြင်းကြောင့် အဆိုပါ ကားလမ်းဘေးတွင် ကြေညာချက် ဆိုင်း ဘုတ်များ စိုက်ထူထားကြောင်း သိရပါ တယ်။ ဝါရင့် မြေအကျိုးဆောင်တစ်ဦးက "ပြင်ဦးလွင်မြို့က မန္တလေးကသွားရင် သိပ်မဝေးဘဲ ရာသီဥတုလည်း သာယာ တော့ နွေရာသီမှာဆို ဝယ်ယူတဲ့သူ တစ် အားများခဲ့တာ။ အနားယူလို့ကောင်းတဲ့ မြေနေရာဖြစ်တော့ ဝယ်ယူတဲ့သူများခဲ့ တယ်။ မြို့ထဲပိုင်းမှာ လူနေကျပ်ပြီး ဈေး လည်းမြင့်နေတော့ လယ်မြေစိုက်ပျိုးမြေ တွေကို ဝယ်ယူကြတာ။ နှီးဘုရားကြီး လမ်းတစ်လျှောက်ဆို တစ်ဧက တစ် ကွက်ကို သိန်း ၅၀၀ ကျော်ရှိရာက ခုဆို သိန်း ၁၀၀၀ ကျော်ထိ ရှိလာတယ်။ မနှစ်က ရတနာပုံဆိုက်ဘာစီးတီးမှာ ကျောင်းဖွင့်လိုက်တော့ အနီးနားက သုံးထောင်ရွာ၊ ပြင်စာရွာ အကွက်တွေ ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ တယ်။ ခုစိုက်ပျိုးမြေကွက်ကို အကွက် ရိုက်ရောင်းရင် အရေးယူမယ်ဆိုတော့ ဝယ်ယူမယ့်သူ မရှိတော့ဘူးလို့ ပြောပါ တယ်။ ပြင်ဦးလွင်မြို့နယ်ရှိ စိုက်ပျိုးနိုင် သော လယ်မြေကွက်များမှာ ယခင် အရာင်းအဝယ်ဖြစ်နေရာမှ ကြေညာ ချက်ထုတ်ပြန်ပြီးနောက် အရောင်း အဝယ်မရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background