Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပလောင်ရိုးရာ ဦးထုပ်အိမ်တွင်းမှုလုပ်ငန်း

Tue, 12/27/2011 - 04:17 -- Anonymous (not verified)

နှစ်စဉ်ခရီးသွားရာသီမှာ ရှမ်းပြည် နယ်တောင်ပိုင်းရှိ ညောင်ရွှေ၊ အင်း လေ ဒေသ၊ ပင်းတယမြို့နဲ့ ကုံလုံဒေသ၊ ကလောမြို့ကလေးများသို့ ပြည်ပခရီး သွားများ အမြောက်အမြား လာရောက် လည်ပတ်ကြပါတယ်။ ပြည်ပခရီးသွား များဟာ ဘုရားဖူးခြင်း၊ တောင်တက် ခြင်း၊ ဒေသန္တရဗဟုသုတရှာမှီးနိုင်ခြင်းနဲ့ ရေမြေရာသီဥတုအေးမြကာ ဒေသခံ များရဲ့ ရိုးသားပျူငှာမှုများကြောင့် ဒေသ ထွက်အစားအစာ၊ ဒေသထွက်လက်မှု ပစ္စည်းများကို ဝယ်ယူစားသောက်အား ပေးခြင်းဖြင့် ပျော်ရွှင်ဖွယ်ခရီးအဖြစ် ဖန်တီးနိုင်ကြပါတယ်။ ဒေသခံများက လည်း မိမိတို့တတ်ကျွမ်းရာ ရိုးရာလက် မှုပစ္စည်းများဖြင့် ကမ္ဘာလှည့် ခရီးသွား များအား ဆွဲဆောင်ထားနိုင်ပြီး၊ အိမ် တွင်းမှုလုပ်ငန်းလေးများကို ထွန်းကား အောင်ဆောင်ရွက်နေကြောင်း သိရှိရပါ တယ်။ ရိုးရာအိမ်တွင်းမှု ကုန်ထုတ်လုပ် ငန်းများစွာထဲမှ ယခုနှစ်မှာ ပလောင်ရိုး ရာ  ဦးထုပ်လုပ်ငန်းမှာ ရောင်းအား ကောင်း ဈေးကွက်တစ်ခုအဖြစ် ရရှိနေ ပါတယ်။ ကလော၊ အောင်ပန်း၊ ပင်း တယမြို့များမှ ကုန်ပစ္စည်းထုတ်လုပ်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းအနှံ့သို့ တင်ပို့ ရောင်းချကြပါတယ်။ပလောင်၊ လားဟူ၊ လီရှောလူမျိုးများရဲ့ ရိုးရာဓလေ့ ဦးထုပ် ပုံစံဖြင့်ထုတ်လုပ်ပြီး၊  ဦးထုပ်အတွင်း ပိုင်းကို ပိတ်စအနက်ရောင်၊ အပြင်ပိုင်း ကို ပိတ်စအဖြူရောင်သုံး၍ ပိတ်စနှစ်ခု အတွင်းသို့  ဝါဂွမ်းထည့်ကာ ညီညာ ဖြောင့်ဖြူးတဲ့ ချုပ်ရိုးကလေးများနဲ့ ချုပ် လုပ်ထားပါတယ်။ ဦးထုပ်ရဲ့အပေါ်ပိုင်း မျက်နှာပြင်မှာ ငါးထောင့်ကြယ်အား သိုးမွှေးချည်ဖြင့်ရက်လုပ် ပုံဖော်ထား ပြီး၊ ထိပ်ပိုင်းအဝိုင်းပတ်လည်မှာ ရောင် စုံသိုးမွှေးချည်ဖြင့်  ပန်းပွင့်သဏ္ဌာန် ပုံဖော် အနားသတ်ထားပါတယ်။ ငါး ထောင့်ကြယ်မှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တငါးပါးအားရည်စူးပြီး ရောင်စုံပန်းများဖြင့် ပူဇော်ကာ ဦးထိပ် မှာ ပန်ဆင်ထားခြင်း အဓိပ္ပာယ်ဖြစ် ကြောင်း၊ ဦးထုပ်ချုပ်လုပ်သူမှ ပြောပြပါ တယ်။ ဦးထုပ်အသေး တစ်လုံး ၁၃၀၀ ကျပ်၊ အကြီးတစ်လုံး ၁၅၀၀ ကျပ်ဖြင့် ဈေးကွက်သို့  တင်ပို့ရပြီး၊ လုပ်သား တစ်ဦး တစ်ရက် ဦးထုပ် ၁၅ လုံးခန့်ချုပ် လုပ်နိုင်ပါတယ်။ ကုန်စ္စည်းထုတ်လုပ် နိုင်သလောက် ဈေးကွက်ရှိပြီး၊ ပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားနှစ်ခြိုက် မှုကြောင့် ပြည်ပသို့  စိမ့်ထွက်နေတဲ့ မြန်မာ့အိမ်တွင်းမှုရိုးရာ  လက်မှုပစ္စည်း ကုန်ထုတ်လုပ်ငန်း  တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။  မြင့်နိုင်