Main menu

Background

မိုးစပါးပြီးတော့ နွေစပါးနဲ့ ပဲမျိုးစုံ စိုက်ကြပြန်

Tue, 12/27/2011 - 07:36 -- Anonymous (not verified)

          ယခုနှစ် မွန်ပြည်နယ်မှာ မိုးစပါး စိုက်ဧက ၈ သိန်းခွဲလောက် စိုက်ပျိုးပြီး၊ ယနေ့ထိ ရိတ်သိမ်းပြီးစီးမှု ဧက ၆ သိန်း လောက်ရှိပြီဆိုတော့ ၇၀ ရာခိုင်နှုန်း ကျော် ရိတ်သိမ်းပြီးသွားပါပြီ။ လယ် သမားတို့ရဲ့ ထုံးစံအတိုင်း မိုးစပါးပြီး တော့ နွေစပါးစိုက်လို့ရတဲ့နေရာတွေမှာ နွေစပါးစိုက်ကြ၊ ပဲစိုက်လို့ရတဲ့ နေရာ တွေမှာ ပဲကို အလုအယက် အချိန်မီ အောင်စိုက်နဲ့ လှုပ်ရှားနေကြတာတွေ့ရ ပါတယ်။ နွေစပါးကတော့ ယနေ့ထိ ဧက ၁ သောင်းလောက်စိုက်ပျိုးပြီးပေ မယ့် ပဲမျိုးစုံကတော့ ဧက ၂ သောင်း ကျော်စိုက်ပြီးပါပြီ။ "မိုးတွင်းက မိုးများ ပြီး ရေမြုပ်ခဲ့လို့ မိုးစပါးအထွက်က လည်း တစ်ဧကတင်း ၄၀၊ ၅၀ လောက် ထွက်ပြီး၊ ဈေးနှုန်းကလည်း တစ်တင်း ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်လောက် ဆိုတော့  ငွေပိုငွေလျှံ မကျန်တဲ့ပြင် စရိတ်ကျေအောင်  ရုန်းကန်နေကြရ တယ်။ ကျွန်တော်တို့နေရာက နွေစပါး စိုက်လို့ရတော့ အခုနွေစပါးစိုက်ဖို့ လုပ် နေပါတယ်"လို့ ကျိုက်မရောမြို့နယ် ရှင် စောပုရပ်ကွက်မှ တောင်သူ ဦးသန်း မြင့်က ပြောပါတယ်။"ကျွန်တော်တို့ဒေသကတော့ မြစ်နဲ့ နီးတော့ မိုးများပြီး ရေမြုပ်ပေမယ့် တက် ရေကျရေကြောင့် အကြာကြီး မမြုပ်လို့ စပါးလည်း   သိပ်မပျက်စီးပါဘူး။ အထွက်ကတော့ တစ်ဧက တင်း ၆၀၊ ၇၀ လောက်ထွက်ပါတယ်။ အခုမတ်ပဲ စိုက်နေပါတယ်။ စပါးဈေး၊ ပဲဈေးဘယ် လောက်ရှိတယ်ဆိုတာထက် မိုးစပါးပြီး ရင် ပဲစိုက်ရမယ့် အလုပ်ကတော့ ကျွန် တော်တို့ အလုပ်ဆိုတော့ ပဲကောင်း အောင်ကြိုးစားစိုက်ပါတယ်"လို့ ချောင်း ဆုံမြို့နယ်  ကော့မုပွန်ကျေးရွာက တောင်သူ ဦးခင်မောင်ဦးက ပြောပါ တယ်။ မွန်ပြည်နယ်မှာ  နွေစပါးကို မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး၊ ပဲမျိုးစုံကိုတော့ သထုံခရိုင်က အများဆုံး စိုက်ပျိုးပါ တယ်။ ဆန်ဈေးကွက်အနေနဲ့ မော်လ မြိုင်နဲ့ သထုံမြို့ကြီးတွေဟာ အချက် အချာကျသလို ပဲမျိုးစုံဈေးကွက်မှာ တော့ သထုံမြို့နယ် ကျိုက္ကော်၊  သိမ် ဆိပ်က အဓိကဖြစ်တာကို  တွေ့ရပါ တယ်။ တောင်သူများကတော့ သူတို့ တာဝန်ကျေဖို့ မိုးသီးနှံပြီးတော့ ဆောင်း သီးနှံစိုက်ခြင်းဖြင့် ကြိုးစားနေကြ ကြောင်းပါ....   ငြိမ်းမြတ်ကျော်