Main menu

Background

ဖရဲအဝင်များချိန် အအေးပို၍ စားသုံးသူ နည်းလာသောကြောင့် ဖရဲသီးလေလံဈေး ပြန်ကျလာ

Tue, 12/27/2011 - 07:37 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်သို့ ပြည်တွင်းမှ ဖရဲသီးများ အဝင်များချိန်တွင် တရုတ်နိုင်ငံဘက်၌ အအေးပို၍ ဖရဲစားသုံးသူ နည်းလာခြင်းကြောင့် ဖရဲသီးလေလံဈေး ပြန်ကျလာကြောင်း သိရပါတယ်။ မူဆယ် ၁၀၅ မိုင်သို့ ဖရဲသီးကား နေ့စဉ်ဝင်ရောက်လျက်ရှိရာ ရှေ့တစ်ပတ်က တန်ချိန် ၁၀၀၀ နဲ့ ၂၀၀၀ ကြား အဝင်ရှိပြီး ယခုတစ်ပတ်မှာ တန်ချိန် ၂၀၀၀ ကျော်ဝင်နေ ကြောင်း သိရပါတယ်။ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံအသင်းဒုတိယဥက္ကဋ္ဌက "ဒီအချိန်မှာ ရာသီဥတုအေးလို့ ဖရဲသီးစိတ်ရောင်းတဲ့သူမရှိဘူး။ ဟိုတယ်သုံးလောက် ပဲရှိတယ်။ အဝင်လည်းများနေတော့ ဈေးကျပေမယ့် အရှုံးမရှိပါဘူး။ ဖရဲသီး အရည်အသွေးကောင်းရင် ကောင်းသလို ဈေးရမှာပဲ။ မနှစ်ကထက်စာ ရင်တော့ ဈေးပိုပါတယ်။ ဒီရက်ထဲမှာ ကားအစီး ၂၀၀ လောက်ဝင်နေ တယ်။ အစ္စည်းအဝင်များပေမယ့် တရုတ်ကဈေးမနှိမ်ပါဘူး။ ပစ္စည်းအရည် အသွေး၊ ကားခနဲ့ အချိန်အခါပေါ်မူတည်ပြီး ဈေးဖြတ်သွားတာပါ"လို့ ပြောပါတယ်။ဖရဲသီးများ မန္တလေးမြို့မှ တင်ပို့ခမှာ တစ်တန်ကို ကျပ် ၈၀၀၀၀ ရှိ၍ မိတ္ထီလာ၊ မုံရွာဘက်မှတင်ပို့ပါက ကျပ် ၁၀၀၀၀၀ ပေးရကြောင်း သိရပါတယ်။ ဖရဲသီးဈေးနှုန်းမှာ အစေ့မဲ့ဖရဲ အမြင့်ဆုံးဈေးမှာ တစ်ကီ လိုဂရမ် ၃ ယွမ် (၃၇၀ ကျပ်)၊ အနိမ့်ဆုံးဈေးမှာ ၁ ဒသမ ၂ ယွမ် (၁၅၀ ကျပ်) ရှိပြီး၊ ရိုးရိုးဖရဲဈေးနှင့် ဈေးတူဝယ်ယူကြောင်း သိရပါတယ်။   ဇူးဇူး