Main menu

Background

ပွဲတော်ချိန်နီးလေ သစ်သီးအဝင်လှိုင်လေ

Tue, 12/27/2011 - 07:39 -- Anonymous (not verified)

           မန္တလေးဈေးကွက်အတွင်းကို နှစ်သစ်ကူးကာလ နီးလာတာနဲ့အမျှ သစ်သီးဝင်ရောက်မှုများ များလာပါတယ်။ သစ်သီးဝလံပွဲရုံများကို နေ့စဉ် ကျောက်မဲ၊ သီပေါတို့မှ လိမ္မော်သီးများ အဝင်လှိုင်လာသလို မူဆယ်ဘက်မှ ပန်းသီးနဲ့ ရွှေလိမ္မော်မှာလည်း  လှိုင်လှိုင်ဝင်ရောက်နေတာကို တွေ့ရပါ တယ်။ ကျောက်မဲ၊ သီပေါဘက်မှ လိမ္မော်သီးများကို တောင်းပြတ်စနစ်ဖြင့် ဝယ်ယူကြပါတယ်။ ယခုအပတ်အတွင်း မန်းသစ်သီးဒိုင်များကို ဝင်ရောက် တဲ့ လိမ္မော်ဈေးနှုန်းကတော့ အလုံး ၃၀၀ ခန့်ပါခြင်း ၁ ခြင်းကို ၁၂၀၀၀ ကျပ် နှုန်းခန့်ဖြင့် ဈေးဖြတ်ကြောင်းသိရပါတယ်။ မူဆယ်ဘက်မှ ဝင် ရောက်တဲ့ပန်းသီးများကို တစ်ဖာ ၁၀၀၀၀ ကျပ် ဝန်းကျင်ဖြင့်လည်းကောင်း ရွှေလိမ္မော် တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးများနှင့် အရောင်းအဝယ်ဖြစ် ကြောင်း မန္တလေးမြို့တွင်းရှိ သစ်သီးပွဲရုံများကို နေ့စဉ် ဟိုင်းလက်ကား၊ ဒိုင်နာကားများဖြင့် ပုံမှန်ဝင်ရောက်လျက်ရှိပါတယ်။         ခင်ပပနိုင်