Main menu

Background

တစ်ပြည်လုံးသာမက တရုတ်ပြည်ပါသွားတဲ့ မော်လမြိုင်ကျွဲကော

Tue, 12/27/2011 - 07:40 -- Anonymous (not verified)

မွန်ပြည်နယ်မှာ စပါး၊ ရော်ဘာအပြင် သစ်သီးဝလံများလည်း အများ ဆုံးစိုက်ပျိုးကြပါတယ်။ ၎င်းင်းသီးနှံများ ထဲမှ ဓာတ်စာသီးနှံဖြစ်တဲ့ ကျွဲကော သီးကို အများဆုံးစိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး၊ မော်လမြိုင် ဈေးချို၊ တောင်ဝိုင်း၊ ကော့ခန်၊ စမ်းကြီးအပြင် ကျိုက်မရောမြို့နယ် နတ်စမ်းကျေး ရွာနဲ့ မူရောင်းကျေးရွာများမှာ အများဆုံးစိုက်ပျိုးကြ ပါတယ်။  မွန်ပြည် နယ်တစ်ခုလုံး စိုက်ဧက ၁၅၈၂ ကျော်ရှိပြီး၊ တစ်ဧကကို အပင် ၇၀ မှ ၇၅ ပင်အတွင်း စိုက်ပါတယ်။  စိုက်ပျိုးစရိတ် တစ်ဧက ၅ သိန်းခန့် ကုန်ကျ ပါတယ်။ နိုဝင်ဘာလ၊ ဖေဖော်ဝါရီလအတွင်း အများဆုံးထွက်ပါတယ်။ တစ်ဧက ၅၆၀၃ လုံးခန့်ထွက်ပါတယ်။ သီးနှံကုန်သည်များရဲ့ အလုံးကြီး ခြံချုပ်ဈေး ၁ လုံးကို ၅၀၀ကျပ် - ၆၀၀ကျပ်ရှိပြီး၊ ပြန်ရောင်းဈေးမှာ ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ရှိပါတယ်။ ရွေးကျများကို ၁ လုံး ၄၀၀ ကျပ် - ၃၀၀ ကျပ် - ၂၀၀ ကျပ်ပြန်ရောင်းကြပါတယ်။ တစ်နှစ်လုပ်သားခ ကုန်ကျစရိတ် ဖယ်ပြီး၊ တစ်ဧကအမြတ်မှာ သုံးသိန်းကျော်ဖြစ်ပါတယ်။ နှစ်ရှည်ပင်ဖြစ်တာ ကြောင့် စတင်စိုက်ပျိုးသောနှစ်သာ အကုန်အကျများပြီး ကျန်နှစ်များမှာ အမြတ်ရကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့များကို တင်ပို့ပြီး ၎င်းင်းမှ တရုတ် ပြည်ကို ပို့တယ်လို့သိရပါတယ်။ မော်လမြိုင်၊ မြိုင်ရတနာဈေးမှ ကျော်သီး နှံပွဲရုံ၊ နေလသီးနှံပွဲရုံ၊ မမော်သီးနှံပွဲရုံတို့မှ ဟိုင်းလတ်ကားများနဲ့ တစ်ရက် ခြား ကား ၃ စီး၊ ၄ စီးလောက် တင်ပို့ရတယ်လို့ မော်လမြိုင်စမ်းကြီး ကျေးရွာမှ ကျွဲကောစိုက်သူတစ်ဦးက ပြောပါတယ်။     သန်းသန်းဝင်း