Main menu

Background

အိုင်အမ်အက်ဖ် ကယ်တင်ငွေမှ တစ်ဆင့် ယူရိုဇုန် ကာကွယ်ဖို့ အီးယူက တိုက်တွန်း

Tue, 12/27/2011 - 07:42 -- Anonymous (not verified)

    ဥရောပသမဂ္ဂကချမှတ်ထားသော ရည်မှန်းချက်များ ကို ဗြိတိသျှတို့က ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဥရောပ ဘဏ္ဍာရေးဝန်ကြီးများက ဖြည့်ဆည်းမပေးနိုင်တော့မဲ့ အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင် ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)မှ တစ်ဆင့် ယူရိုဇုန် ကယ်တင်ရေး လုပ်ငန်းတွေကို အကူအညီပေးဖို့ ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အခြားထောက်ပံ့တဲ့ နိုင်ငံကြီး တွေကို ဥရောပသမဂ္ဂ (အီးယူ)က ပန်ကြားခဲ့ပါတယ်။ ကြွေးမြီ ဝန်ပိနေတဲ့ ယူရိုဇုန် ၁၇ နိုင်ငံကို ကယ်တင်ဖို့ အတွက် ယူရိုဇုန်နယ်မြေ တည်ငြိမ်ရေးအတွက် အသုံးပြုဖို့ အိုင်အမ်အက်ဖ်အတွက် ချေးငွေသစ် ယူရို ၁၅၀ ဘီလီယံ (ဒေါ်လာ၁၉၅ ဘီလီယံ)ကိုပေးရန်ကတိပြုခဲ့ကြောင်း ယူရို ဇုန် အကြီးအကဲ ယွန်းကလောဂျန်ကာက ပြောပါတယ်။    ဒီဇင်ဘာ ၉ ရက် ထိပ်သီးဆွေးနွေးပွဲမှာ အီးယူ ခေါင်းဆောင်တို့က ကြေညာခဲ့တဲ့ ယူရိုဘီလီယံ ၂၀၀ ကို ပြည့်မီအောင်မဖြည့်ဆည်းနိုင်ခြင်းမှာ အဓိကအားဖြင့် သတ်မှတ်ထားသောစည်းမျဉ်းတွေကို လက်မှတ်ထိုးဖို့ ဗြိတိန်က ငြင်းဆိုခဲ့လို့ဖြစ်ပါတယ်။ ဓနအင်အားနဲ့ အရွယ် အစားကို အခြေခံ သတ်မှတ်ထားတဲ့ ဗြိတိနိုင်ငံရဲ့ အိုင်အမ်အက်ဖ် ခွဲတမ်းက ယူရိုဘီလီယံ ၃၀ ရှိပါတယ်။    ပြန်လည်ပြင်ဆင်ရေးအစီအစဉ်တွေ ကိုဆောင်ရွက် နေတဲ့ နိုင်ငံတွေကိုချေးဖို့အတွက် လောလောဆယ် အိုင်အမ်အက်ဖ်မှာ ယူရိုဘီလီယံ ၂၅၀ ခန့်သာ ရှိပါတယ်။Source. AFP