Main menu

Background

ဗီယက်နမ် ဝက်ဘ်ဆိုက်တွေမှာ အွန်လိုင်းကငွေပေးချေမှုအတွက် ရွေးချယ်စရာ နည်းပါး

Tue, 12/27/2011 - 07:43 -- Anonymous (not verified)

    အင်တာနက်အသုံးပြုမှု ကြီးထွားမှုအဆင့်မြင့်မားလာပေမဲ့ ဗီယက်နမ်မှာ အီး ကောမတ်ကို အသုံးပြုတာနည်းနေသေးတယ်လို့ ဟနွိုင်းမြို့မှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေက ပြောကြပါတယ်။ "ပေါင်းစည်းရေး နဲ့ ဖွံ့ဖြိုးရေးအတွက် အီးကောမတ်"လို့  ခေါင်းစဉ်ပေးထားတဲ့ဆွေးနွေးပွဲရဲ့ ရည်မှန်း ချက်က ၂၀၁၁-၁၅ ခုနှစ်ကာလအတွင်း အီးကောမတ်ဖွဲ့ဖြိုးရေးအတွက်ချမှတ်ထားတဲ့ ဗီယက်နမ်ရဲ့ စီမံကိန်းထဲက ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ဗီယက်နမ်မှာ အီးကောမတ်ကို မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။    စီမံကိန်းအရ အကြီးစားလုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ အသေးစား-အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ၄၅ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မှာ ဝက်ဘ်ဆိုက်တွေကနေ သတင်းအချက်အလက်တွေနဲ့ ထုတ်ကုန်တွေကို ဖော်ပြပေးဖို့ဖြစ်ပါတယ်။ စီမံကိန်းအရ အကြီးစား စီးပွားရေးလုပ်ငန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့  အသေးစား-အလတ်စားစီးပွား ရေးလုပ်ငန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို အွန်လိုင်းကနေ စီးပွားရေးလုပ်ဆောင်ချက် ဖန်ရှင်တွေပေးဖို့ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားစတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ ကုမ္ပဏီရဲ့ ၅၀ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အား၊ ရေ၊ ဆက်သွယ်ရေးနဲ့ မီဒီယာဝန်ဆောင် မှုတွေအတွက် အွန်လိုင်းကနေ ငွေပေးချေတာကို လက်ခံရရှိဖို့ ဖြစ်ပါတယ်။    သတင်းအချက်အလက်နဲ့ နည်းပညာဖွံ့ဖြိုးမှုလျင်မြန်တိုးတက်ရာမှာ ကမ္ဘာ့ထိပ် တန်း စာရင်းဝင် ၁၀ နိုင်ငံထဲ မှာ ဗီယက်နမ်နိုင်ငံကို အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး သမဂ္ဂကထည့်သွင်းထားကြောင်း ဗီယက်နမ်နိုင်ငံ အီးကောမတ်အသင်း (  VEA )  ဥက္ကဌ လေဒန်ဗန်းက ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ အင်တာနက်ဆက်သွယ်မှု တွေကို အလျင်အမြန်ဆောင်ရွက်ထားပြီးပေမဲ့ ဗီယက်နမ်မှာ အီးကောမတ်အသုံးပြုတာနည်း နေသေးတယ်လို့ သူကပြောပါတယ်။    ဗီယက်နမ်နိုင်ငံမှာ အီးကောမတ်ကို ၂၀၀၀ ပြည့်လွန်နှစ်တွေက စတင်အသုံးပြု ခဲ့ပြီး အီလက်ထရွန်းနစ် စီးပွားရေးလုပ်ငန်းကို ရောင်းဝယ်ရေးမှာသုံးဖို့နဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေမှာ ငွေကြေးထောက်ပံ့ဖို့နဲ့ ငွေပေးငွေချေးဖို့ ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စေဖို့ ရည်ရွယ်ပါတယ်။ှSource. vietnamnews.vnagency.com