မတ် ၁၁ ရက်မြေငလျင်နဲ့ ဆူနာမီကြောင့် ပြည်တွင်း ဝယ်လိုအားကျဆင်းပြီးနောက် ၂၀၁၂ ကမ္ဘာ့ ရောင်းအား ၂၀ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ တိုယိုတာကခန့်မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းစီးရေ ၈ ဒသမ ၄၈ သန်းရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ကမ္ဘာ့လုံး ထုတ်လုပ်မှုကိုတစ်နှစ် ၈ ဒသမ ၆၅ သန်းထုတ်လုပ်မယ်၊ ထွန်းသစ်စဈေးကွက် တွေကို ပိုမိုအာရုံစိုက်မယ်လို့ ကုမ္ပဏီကပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ စုပေါင်းထုတ်လုပ်မှု ၈ ဒသမ ၉၈ သန်းထပ်မံထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ ဒိုင်ဟတ်စုနဲ့ ဟီးနိုးအပါအဝင် အုပ်စုတစ်ခုလုံးရဲ့ ပြည်တွင်း အရောင်းက ၁၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ တိုယို တာ အမှတ်တံဆိပ် တစ်ခုတည်းကပင်လျှင် အရောင်း ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအတွက် တိုယိုတာအုပ်စုရဲ့ ယခုနှစ် အတွက်ကျဆင်းမှုက ၆ ရာခိုင်နှုန်းရှိတယ်လို့ ကုမ္ပဏီ က ပြောပါတယ်။၂၀၁၃ ခုနှစ်မှာ အရောင်းကိုထပ်မံမြှင့်တင်ပြီး အဲဒီနှစ်မှာစီးရေ ၈ ဒသမ ၉၅ သန်း တိုးမြှင့်ဖို့ ခန့်မှန်း ထားပါတယ်။ Source. AFP
Background
