Main menu

Background

ရုရှား WTOဝင်ခွင့် ရရှိခြင်းက အိန္ဒိယ ကုန်သွယ်မှုအတွက် အပြုသဘော အလားအလာရှိ

Tue, 12/27/2011 - 07:46 -- Anonymous (not verified)

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO  ကို  ရုရှားနိုင်ငံ ဝင်ရောက်ခွင့်ရခြင်းက အိန္ဒိယနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုမှာ "အပြုသဘောဂယက်ရိုက်ခတ်မှု" ရှိ ကြောင်းနဲ့ လောလောဆယ်နှစ်နိုင်ငံကုန်သွယ်မှုက တစ်နှစ် ကို ဒေါ်လာ ၁၀ ဘီလီယံဝန်းကျင်ရှိနေတာက တကယ် ဖြစ်နိုင်တဲ့ အလားအလာအောက်မှာရှိနေသေးကြောင်း အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ ၁၈ နှစ်ကြာဆွေးနွေး ညှိနှိုင်းပြီးတဲ့နောက် ရုရှားနိုင်ငံဝင်ရောက်ခွင့်ရခဲ့တာက ဥရောပ စီးပွားရေး ကသောင်းကနင်းဖြစ်နေတဲ့ ကာလမျိုး မှာ တောက်ပြောင်တဲ့အလင်းရောင်တစ်ခုဖြစ်တယ်လို့ အရာရှိ တွေကပြောပါတယ်။    WTOအဖွဲ့ထဲကို ရုရှားနိုင်ငံ ဝင်ရောက်ခွင့်ရတာက အိန္ဒိယနဲ့ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မှာ "အပြုသဘောအလားအလာ" ရှိနေသလို "အပြု သဘောအလားအလာအများကြီးရှိတဲ့ စွမ်းဆောင်ရည်" ကိုရစေတယ်လို့ အိန္ဒိယ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရမ်ဂျန်မာထိုင်းက ပြောပါတယ်။ WTO သို့ ရုရှားနိုင်ငံ ဝင်ရောက်ခွင့်ရတာကို အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ အိန္ဒိယ-ရုရှား ကုန်သွယ်မှုကို ပမာဏကိုအားမရသေးဘဲရှိနေပါ တယ်။ရုရှား-တရုတ် ကုန်သွယ်မှုက နှစ်စဉ်ဒေါ်လာဘီလီယံ ၆၀ ဖိုး ရှိနေပါတယ်။    ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရုရှားဝန်ကြီးချုပ် ဒီမစ် ထရီမက်ဗီဒက်တို့ မော်စကိုမြို့မှာတွေ့ဆုံဆွေးနွေးချက် အရ ၂၀၁၅ ခုနှစ်မှာ ကုန်သွယ်မှုတန်ဖိုးကို ဒေါ်လာ ဘီလီ ယံ ၂၀ ထိတိုးမြှင့်ဖို့လျာထားခဲ့ပါတယ်။ ရုရှားနိုင်ငံကို တင်ပို့တဲ့ ထဲမှာ ဆေးဝါးပစ္စည်းတွေကို တိုးချဲ့တင်ပို့သွားဖို့ လည်း ရည်မှန်းချက်ချထားပါတယ်။Source. economictimes.indiatimes.com