Main menu

Background

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ဧပြီ ၁ ရက်တွင်ဖွင့်မည်

Tue, 12/27/2011 - 07:47 -- Anonymous (not verified)

    ရေလွှမ်းမိုးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ကူးသန်း ရောင်းဝယ်ရေးခရီးစဉ်တွေ အပြည့်အ၀ ပျံသန်းနိုင်ဖို့အတွက် ဧပြီ ၁ ရက်နေ့က စပြီးဖွင့်လှစ်တော့မယ်လို့ ထိုင်းလေဆိပ်များအသင်း ( AOT)  ဥက္ကဌ အနီရုသ်သာနွန်ကူဘာက ဒီဇင်ဘာ ၁၉ ရက်က ပြောပါတယ်။ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းနေရာတွေမှာရှိတဲ့ ပြေးလမ်းမျက်နှာပြင်တွေရဲ့ ခိုင်မာမှုရှိတယ်လို့ စစ်ဆေးရေးအဖွဲ့ကအတည်ပြုထားပါတယ်။ ရေ၊ လျှပ်စစ်ဓာတ်အားနဲ့ တခြားဝန်ဆောင်မှုတွေကို ပြင်ဆင်ပြီးပြီလို့ သူက ပြောပါတယ်။ ဒွန်မောင်းလေဆိပ်က ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရေအောက် ၅၀ စင်တီမီတာအနက်လောက်ရောက်သွားခဲ့ ပါတယ်။    အိုရီယင့်ထိုင်းနဲ့ နွတ်အဲလေကြောင်းတွေက ဧပြီ ၁ ရက်နေ့မှာ သူတို့ရဲ့အခြေစိုက်စခန်းတွေကို ပြန်ဝင်နိုင်တော့မယ်လို့ AOT အကြီးအကဲကပြောပါတယ်။ ဒီနှစ်ထဲမှာ ရေအကြီးအကျယ်လွှမ်းမိုးခံခဲ့ရတဲ့ အတွက် ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီကြီးနှစ်ခုက သုဝဏ္ဏဘူမိ လေဆိပ်ပြောင်းပြီ လုပ်ငန်းတွေဆောင်ရွက်ခဲ့ရပါတယ်။ ရေလွှမ်းမိုး ဒဏ်ခံရစဉ်က ငါးတွေရောက်လာတဲ့အတွက် လေဆိပ်ပတ်ဝန်းကျင်မှာ ငှက်တွေအများကြီး ရောက်လာတဲ့အတွက် ဒီငှက်တွေက လေကြောင်း အန္တရာယ်ဘေးကင်းရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့သူက ပြောပါ တယ်။    ငှက်တွေကိုခြောက်ထုတ်နိုင်ဖို့အတွက် လေဆိပ်ကအာဏာပိုင်တွေက နည်းလမ်းတွေရှာဖွေနေကြပါတယ်။သုဝဏ္ဏဘူမိလေဆိပ်မှာလည်း အလား တူ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်လို့ သူကပြောပါတယ်။ထိုစဉ်က လေဆိပ် ကို သီတင်းပတ်ခြောက်ပတ်လောက်ရေနစ်မြုပ်ခဲ့စဉ်က ဖြစ်ပါတယ်။ ရေတွေပြန်ကျသွားပြီးတဲ့နောက် ဒွန်မောင်းလေဆိပ်ကို ပြန်လည်ပြုပြင် မွမ်းမံခံရတဲ့စရိတ်က ဘတ်သန်း ၂၀ ကုန်ကျတယ်လို့ သူက ပြောပါတယ်။    Source. bangkok post.com