Main menu

Background

ရင်းနှီးမြှုပ်နှံသူတွေကို ပူးတွဲငွေချေးဖို့ တရုတ်နဲ့ ထိုင်းဘဏ်တွေက လက်မှတ်ရေးထိုး

Tue, 12/27/2011 - 07:50 -- Anonymous (not verified)

    အရှေ့တောင်အာရှမှာရှိတဲ့ စီမံကိန်းကြီးတွေကိုငွေထုတ်ချေးဖို့နဲ့ ဘဏ်နှစ်ခုစလုံးရဲ့ဘဏ္ဍာရေးအဆင့်အတန်း၊စီးပွားရေးအခွင့်အလမ်းတွေ ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ ကာဆီကွန်ဘဏ်နဲ့ တရုတ် ဖွံ့ဖြိုးရေးဘဏ်တို့ ဒီဇင်ဘာ ၂၂ ရက်က ဗန်ကောက်မြို့မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာချုပ် အရ တရုတ်ဖွံ့ဖြိုးရေးဘဏ်က ရှန်ဇန်းရှိ ကာဆီကွန်ဘဏ်ခွဲကို ယွမ် ၁ ဒသမ ၅ ဘီလီယံပေးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်ဖို့ အတွက် တရုတ်ဘဏ်ကို ထိုင်းဘဏ်က အလားတူပမာဏကို ပြန်ပေးမှာ ဖြစ်ပါတယ်။                                    Source: xinhua