Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 12/27/2011 - 07:57 -- Anonymous (not verified)

    ငွေကြေးတန်ဖိုးမြင့်တက်တာကို ထိန်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တာ ကိုထိန်းချုပ်ဖို့ ဒေသတွင်းရှိ ဗဟိုဘဏ် တွေက အတိုးနှုန်းတွေကိုလျှော့ချနေတဲ့ အတွက် အာရှဒေသမှာရှိနေတဲ့ ဒေါ် လာဘွန်းစာချုပ်တန်ဖိုးတွေက ဒေသ တွင်းရှိငွေကြေးတွေရဲ့ တန်ဖိုးကိုကျော် တက်သွားမဲ့အခြေအနေရှိနေတယ်လို့ UOB Asset Management Ltd  နဲ့ ဇူဇူဟိုအာမခံစာချုပ်များ ကုမ္ပဏီတို့က ပြောပါတယ်။     ယခုနှစ်အတွင်းမှာ အာရှဒေသရဲ့ ကမ္ဘာ့ကြွေးမြီက ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒေသတွင်းေ<ကးမြီ ကို ဒေါ်လာနဲ့ သတ်မှတ်မယ်ဆိုရင် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှုရှိလိမ့် မယ်လို့ HSBC Holding  ကပြော ပါတယ်။တရုတ်ယွမ်    တရုတ်နိုင်ငံဗဟိုဘဏ်က ငွေ ကြေးဖလှယ်နှုန်းကိုအနည်းငယ်လျှော့ချ သတ်မှတ်ပြီးတဲ့နောက် ယွမ်ငွေတန်ဖိုး က ဒီဇင်ဘာ ၂၂ ရက်မှာ အနည်းငယ် အပြောင်းအလဲရှိခဲ့ပါတယ်။ ယွမ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၃၃ ယွမ်နဲ့ ၆ ဒသမ ၃၅ ယွမ်နှုန်းကြား အတက်အကျရှိနေပါတယ်။ ငွေလက် ငင်းဈေးကွက်မှာ တစ်ဒေါ်လာ ၆ ဒသမ ၃၃၀၀ ယွမ်နှုန်းရှိပြီး ဒီဇင်ဘာ ၂၁ ရက်က နှိုင်းယှဉ်ရင် အပြောင်း အလဲ မရှိသလောက်ဖြစ်နေပါတယ်။အိန္ဒိယရူပီး    ဒီဇင်ဘာ ၂၂ ရက်က သွင်းကုန် လုပ်ငန်းရှင်တွေနဲ့ တချို့ဘဏ်တွေက ဒေါ်လာတွေ ပြန်ဝယ်လာတဲ့အတွက် သုည ဒသမ ၂၂ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၅၂ ဒသမ ၇၂ ရူပီး နှုန်းဖြစ်ခဲ့ပါတယ်။ ပင်လယ်ရပ်ခြားတွင် ယူရိုငွေကြေးနဲ့ တခြားငွေကြေးတွေကို ဒေါ်လာနဲ့ ဖလှယ်ရာမှာယူရိုတန်ဖိုးမြင့် တက်မှုနဲ့ ပြည်တွင်းရှယ်ယာဈေးနှုန်း မြင့်မှုကြောင့် တစ်ဒေါ်လာကို ၅၂ ဒသမ ၆၅ ရူပီးနှုန်းထိ ရှိခဲ့ပါတယ်။ဂျပန်ယန်း    အာရှရှယ်ယာတွေက တစ်ကမ္ဘာ လုံးအတိုင်းအတာအရတန်ဖိုးမြင့်တက်ပြီး အမြတ်နည်းတဲ့အက်ဆက်တွေကို ဝယ် လိုအားကျလာတဲ့အတွက် ယခုရက်  သတ္တပတ်အတွင်းအဓိကငွေကြေး ၁၆ခု နဲ့ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း ခဲ့ပါတယ်။ ဒေါ်လာရဲ့တန်ဖိုးက ယန်း နဲ့ဖလှယ်ရာမှာသုညဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၇၈ ဒသမ ၀၈ ယန်းနှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    သီတင်းပတ်မကုန်ခင်မှာ ရင်းနှီး မြှုပ်နှံသူတွေက ကိုယ့်ကိုယ်ကိုပြန်လည် ထိန်းသိမ်းလာနိုင်ပြီ   ဖြစ်တဲ့အတွက် ဒီဇင်ဘာ ၂၃ ရက်က  ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးခိုင်မာလာ ပါတယ်။ ရင်းဂစ်တန်ဖိုးမှာ ဒီဇင်ဘာ ၂၂ ရက်ညနေ ၅ နာရီက တစ်ဒေါ်လာ ကို ၃ ဒသမ ၁၆၅၁ ရင်းဂစ်နှုန်းရှိရာမှ ၂၃ ရက်မနက် ၉ နာရီမှာ တစ်ဒေါ်လာ ကို ၃ဒသမ ၁၅၇၀ ရင်းဂစ်နှုန်း ရှိခဲ့ပါ တယ်။တောင်ကိုရီးယားဝမ်    အမေရိကန် စီးပွားရေးတိုးတက် တဲ့အရိပ်လက္ခဏာတွေနဲ့ မြောက်ကိုရီး ယားတည်ငြိမ်မှုအပေါ် စိုးရိမ်မှုတွေ သက်သာလာပြီး အမြတ်နှုန်းမြင့်တဲ့ အက်ဆက်တွေကိုဝယ်လိုအားမြင့်မား လာတဲ့အတွက် တောင်ကိုရီးယားဝမ် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။    ဆိုးလ်မြို့မှာ ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီ ၁၄ မိနစ်က ဝမ်တန်ဖိုး က သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၁၁၅၀ ဒသမ ၄၀ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ပင်လယ်ရပ်ခြားမှ အာမခံကုမ္ပဏီ တွေက နှစ် ၇၀ နီးပါးကာလအတွင်း အဆိုးဆုံးဖြစ်ခဲ့တဲ့ရေကြီးမှုကြောင့်ဖြစ် ရတဲ့ ပျက်စီးမှုတွေအတွက် အာမခံ ကြေးတောင်းဆိုတာတွေကြောင့် ဘတ် ငွေကြေးရဲ့ ဝယ်လိုအားမြင့်တက်စေခဲ့ ပါတယ်။ ဒါကြောင့် ထိုင်းဘတ်ငွေတန် ဖိုးက သီတင်းပတ်အလိုက် ပထမဆုံး အကြိမ်အဖြစ် တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။    ဒီဇင်ဘာ ၂၃ ရက်မနက် ၈ နာရီ ၁၇ မိနစ်က ဘန်ကောက်မြို့မှာ ဘတ် ငွေတန်ဖိုးက   သီတင်းပတ်အလိုက် သုည ဒသမ ၄ ရာခိုင်နှုန်းနဲ့ ရက်အ လိုက်တိုးတက်မှုနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၂၃ ဘတ်နှုန်း ရှိခဲ့ပါတယ်။ှSource: bloomberg.com theh    indu .com