Main menu

Background

မလေးရှားနိုင်ငံက ငွေစက္ကူသစ်များထုတ်ဝေ

Tue, 12/27/2011 - 08:00 -- Anonymous (not verified)

    မလေးရှားနိုင်ငံ  ငွေစက္ကူုသစ်များကို  ဒီဇင်ဘာ ၂၁ ရက်က စတင် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၂ ခုနှစ်လလယ်လောက်မှာ စတင်ထုတ်ဝေသုံးစွဲ မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ကြေညာခဲ့တဲ့ ငွေစက္ကူသစ် တွေမှာ ၁ ရင်းဂစ်၊ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်၊ ၂၀ ရင်းဂစ် နဲ့ ၁၀၀ ရင်းဂစ် တန် ငွေစက္ကူတွေ ဖြစ်ပါတယ်။    မလေးရှားနိုင်ငံရဲ့ နှစ် ၅၀ မြောက်လွတ်လပ်ရေးနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် ၂၀၀၇ ခုနှစ်က ထုတ်ဝေတဲ့ လက်ရှိ ၅၀ ရင်းဂစ်တန် ငွေစက္ကူ တွေကို ဆက်လက်သုံးစွဲခွင့်ပြုထားပါတယ်။    ငွေစက္ကူသစ်တွေရဲ့ ဒီဇိုင်းမှာ နိုင်ငံယဉ်ကျေးမှု၊ အမွေအနှစ်နဲ့ သဘာဝတွေ ကိုဖော်ပြပေးနိုင်တဲ့ မလေးရှားနိုင်ငံရဲ့ အခြေခံတွေကို ဖော်ကျူးထားတယ်လို့ မလေးရှားဗဟိုဘဏ် Bank Negara ကပြောပါတယ်။    မလေးရှားငွေသတ္တုအကြွေသစ်တွေကို ယခုနှစ်စောစောပိုင်းက ထုတ်ဖော် ကြေညာထားပြီး ၂၀၁၂ ခုနှစ် နှစ်စပိုင်းထုတ်ဝေပြီးသုံးစွဲခွင့်ပြုမှာ ဖြစ်ပါတယ်။    ငွေစက္ကူသစ်တွေကိုထုတ်ဝေကာ ၁၂ နှစ်ပြည့်တိုင်းလုပ်နေကျအတိုင်း ထုတ်ဝေတာဖြစ်ပါတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ငွေစက္ကူသစ်တွေ ထုတ်ဝေရာမှာ ငွေစက္ကူတွေထုတ်ဝေရာမှာ သုံးစွဲတဲ့နည်းပညာ သစ်တွေကို သုံးစွဲထုတ်ဝေတာ ဖြစ်ပါတယ်။ ငွေစက္ကူသစ်သုံးစွဲတဲ့အခါ ချောချောမွေ့မွေ့ဖြစ် အောင်လို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးကိုင် တွယ်သုံးစွဲသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ ဗဟိုဘဏ်ကပြောပါတယ်။Source. xinhua