Main menu

Background

အီးယူ ထိပ်သီး အစည်းအဝေး ကျင်းပရန် ဇန်နဝါရီ ၃၀ ကို သတ်မှတ်

Tue, 12/27/2011 - 08:05 -- Anonymous (not verified)

    ဥရောပတိုက်အတွင်းရှိ အတိဒုက္ခရောက်နေတဲ့ နိုင်ငံတွေကိစ္စကို အလေးပေး ဆွေးနွေးမယ့် ဥရောပ သမဂ္ဂ (အီးယူ) ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း အီးယူ ဥက္ကဌ ဗန်ရွမ်ပိုင်က ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၀ ) ကပြောကြားပါတယ်။     အစည်းအဝေးအတွက် ရက်သတ်မှတ်တဲ့ ကြေညာချက်က နောက်ဆုံး ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီး သီတင်းပတ် နှစ်ပတ်မပြည့်မီ ပေါ် ထွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးဆွေးနွေးပွဲမှာ အီးယူ ၂၇ နိုင်ငံရဲ့ စာချုပ်ကို ပြင်ဆင်ဖို့ ဗန်ရွမ်ပိုင် တင်သွင်းတဲ့အဆိုကို ဗြိတိန်နိုင်ငံကပယ်ချခဲ့သလို အဆင့်ချသတ်မှတ်ခံရမဲ့ ယူရိုဇုန်နိုင်ငံတွေကို အကူ အညီပေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေကို ဗြိတိန်နိုင်ငံကပေးသွင်းရမဲ့ ယူရိုဘီလီယံ ၃၀ (ဒေါ်လာဘီလီယံ ၄၀) ကိုပေးဖို့ ဗြိတိန်နိုင်ငံက ဒီဇင်ဘာ ၁၉ ရက်က ငြင်းဆိုခဲ့ပါတယ်။    အဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးက ကြီးမားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေမှာ ပါဝင် လျက်ရှိတဲ့အတွက် အစိုးရအသုံးစရိတ်နဲ့ စီးပွားရေးပတ်ဝန်းကျင်အပေါ်မှာ အကျိုးသက်ရောက်မှု တွေရှိနေပါတယ်။ အကျပ်အတည်းက လွတ်မြောက်ဖို့အတွက် လူမှုရေးလမ်းကြောင်းပဲ ရှိ ပါတယ်။ ခရီးလမ်းက မျှော်လင့်ထားတာထက် ရှည်လျားပါလိမ့်မယ်။ တစ်နိုင်ငံချင်းစီရဲ့ အခြေ အနေကို လေးစားပြီး သမဂ္ဂတစ်ခုအဖြစ် ရှေ့ကို ခရီးဆက်နိုင်ဖို့အတွက် နိုင်ငံရေးစိတ်ဓာတ်ရှိဖို့လိုမယ် ဆိုတာ တော့ သံသယဖြစ်စရာမရှိပါဘူးလို့ သူက ပြောပါတယ်။    ကမ္ဘာ့တစ်ဝန်းလုံးကို နိုင်ငံတာ်ကြွေးမြီ အကျပ်အတည်းက ကူးစက်ပျံနှံမသွားအောင်ရပ် တန့်ပေးဖို့အတွက် ယူရိုနယ်မြေကို "အထူးတလည် ဂရုစိုက်ဖို့" လိုပါတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ခရစ္စတင်းလားဂတ်က ပြောပါတယ်။Source. AFP