Main menu

Background

ဂျပန် ယာဆာကာဝါကုမ္ပဏီက တရုတ်နိုင်ငံမှာ ရိုဘော့ စက်ရုံဖွင့်မည်

Tue, 12/27/2011 - 08:09 -- Anonymous (not verified)

    ပြည်တွင်းမော်တော်ကား  လုပ်ငန်းများတွင် စက်ရုံဝယ်လိုအား ကြီးထွားနေတာကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက်  ယာဆာကာဝါ အီလက်ထရစ် ကော်ပိုရေးရှင်းက ပင်လယ်ရပ်ခြားဖြစ်တဲ့ တရုတ် နိုင်ငံတွင် ဖေဖော်ဝါရီ၌ ပထမဆုံး ရိုဘော့စက်ရုံ တစ်ရုံကို ဖွင့်လှစ်မှာဖြစ်ကြောင်း ကော်ပိုရေးရှင်း က ဒီဇင်ဘာ ၂၁ ရက်က ကြေညာသည်။    ယခုစက်ရုံက  တရုတ်နိုင်ငံမှာ  ယာဆာ ကာဝါရဲ့ ပဉ္စမမြောက်စက်ရုံဖြစ်ပြီး ကျန်စုပြည်နယ် အရှေ့ပိုင်းမြေ အကျယ်အဝန်း  စတုန်ရန်းမီတာ ငါးသိန်းပေါ်မှာ ဆောက်လုပ်မှာ  ဖြစ်ပါတယ်။ အဓိကအားဖြင့် မော်တော်ကား တပ်ဆင်ရေးလိုင်း တွေအတွက် ဂဟေဆက်တဲ့စက်ရုပ်တွေကို ထုတ် လုပ်ရောင်းချမှာ ဖြစ်ပါတယ်။    စက်ရုံသစ်ကို ၂၀၁၃ ခုနှစ်မတ်လမှာ စတင်လည်ပတ်ပြီး ကနဦးမှာ ၂၄၀၀ နဲ့ တတိယ နှစ်မှာ ၆၀၀၀ အထိ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ စက်ရုံအတွက် ယာဆာကာဝါက ယန်း ၁ ဒသမ ၈ ဘီလီယံ ရင်းနှီမြှုပ်နှံ ပြီးလုပ်သား ၂၀၀ ခန့်ထား ဖို့ စီစဉ်ထားပါတယ်။Source. Mainichi Japan