Main menu

Background

မတ်ပဲ တင်ပို့မှု ယခုတစ်ပတ်ပုံမှန်ရှိနေ

Sun, 01/01/2012 - 09:29 -- Anonymous (not verified)

    ပြည်ပကို မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ပုံမှန်ပမာဏနဲ့ ဆက်လက် တင်ပို့ နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၂၀၀ ကျော်ထိ တင်ပို့မှု ရှိခဲ့ပြီး ယခု တစ်ပတ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်၂၀၁၁-၁၂ ရဲ့ဒီဇင်ဘာ ၂၃ ရက် အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၄၈၅၀၀၀ ကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၄၀၄ သန်းကျော်ရရှိကြောင်းသိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်း တင်ပို့မှု ပမာဏအားဖြင့် တန်ချိန် ၃၄၄၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၅၃ သန်းကျော်ရရှိခဲ့လို့ ယခုနှစ် တင်ပို့မှုပမာဏ တန် တစ်သိန်းခွဲခန့် ပိုမိုကြောင်း သိရပါတယ်။ယခုတစ်ပတ် အရောင်းအဝယ်ဖြစ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT