Main menu

Background

FOB ဈေးကွက် မတ်ပဲ အရောင်းအဝယ်တက်လာ

Sun, 01/01/2012 - 09:30 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲအရောင်းအဝယ် တက်လာကြောင်းသိရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန်ချိန် ၆၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၈၀၀ ထက် ပိုမိုရောင်းဝယ်နိုင်ကြောင်း သိရပါတယ်။    အိန္ဒိယဈေးကွက်မှာ ယခင်လအတွင်းဖြစ်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းပြီးဖြစ်လို့ ဝယ်လက်များဈေးကွက်ကို တစ်ကျော့ပြန်ဝင်လာတဲ့သဘောရှိတယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ အဝယ်အသင့်ရှိခဲ့ပေမဲ့ ပို့ကုန် ဝင်ငွေ တန်ဖိုး အပြောင်းအလဲကြီးမားတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များ အခက် တွေ့စေတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးအပြောင်းအလဲကို ဖော်ပြလိုက် ပါတယ်-                           ဒေါ်လာ/တန်                    မတ်ပဲ(FAQ)    မတ်ပဲ(SQ)၃၀-၁၂-၁၁    ၅၇၀-၅၉၀      ၆၂၀-၆၄၀၂၃-၁၂-၁၁    ၅၈၀-၆၁၀     ၆၃၀-၆၅၀MIRT(MAPT)