အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါ တယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင် သိုလှောင် ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ လာမယ့်ရက်များမှာလည်း မတ်ပဲ ဈေးဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၉-၁၂-၁၁ ၂၈-၁၂-၁၁ ၂၇-၁၂-၁၁ ၂၆-၁၂-၁၁မွန်ဘိုင်း ၆၂၄ ၆၀၃ ၆၀၂ ၆၀၀-၆၀၅ဒေလီ ၄၅၂-၅၇၅ ၄၃၄-၅၅၆ ၄၃၆-၅၆၀ ၄၃၅-၅၅၈ချန်နိုင်း ၆၅၀ ၆၃၆ ၆၃၆-၆၄၀ ၆၃၃MIRT(MAPT)
Background