Main menu

Background

ပြည်မတ်ပဲဈေးဆက်ကျနေတဲ့အတွက် အရောင်းအဝယ်လည်းအေး

Sun, 01/01/2012 - 09:37 -- Anonymous (not verified)

    ပြည်ပဲဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်အေးလျက်ရှိပြီး၊ တစ်တင်းကို ၁၃၂၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။အချို့ပွဲရုံတွေကတော့ ပဲဈေးက မကောင်း လို့ ပဲထုတ်ရောင်းချမှုမရှိတဲ့အတွက် ပွဲရုံတိုင်းမှာ အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပွဲရုံတွေမှာတော့ တစ်နေ့ကို အိတ် ၂၅၀ ခန့် အရောင်း အဝယ်ရှိပြီး၊ ရန်ကုန်ဝယ်လက်လည်း အနည်းငယ်သာရှိတဲ့အတွက် ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို အိတ် ၈၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး