Main menu

Background

အိန္ဒိယအဝယ်ရှိနေလို့ ပဲစင်းငုံပုံမှန်တင်

Sun, 01/01/2012 - 09:37 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန် တင်ပို့နေပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ဆက်ရှိနေတဲ့အတွက် မှန်မှန်တင်ပို့ မှုရှိနေပြီး ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၆၉၀၀ ခန့်တင်ပို့ခဲ့ပါ တယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၁၆ သန်းကျော်ရှိကြောင်းသက်ဆိုင်ရာစာရင်းများအရသိရပါတယ်။ ယခင် ဘဏ္ဍာ နှစ် ကာလတူအတွင်းမှာတော့ တန်ချိန် ၇၆၇၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၇၀ ကျော်ရရှိကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်မှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။     MIRT- MAPT