Main menu

Background

ရန်ကုန် FOB ဈေးကွက် ပဲစင်းငုံ တောက်လျှောက်အဝယ်ရှိ

Sun, 01/01/2012 - 09:38 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခု တစ်ပတ်လည်း ပဲစင်းငုံကို တောက်လျှောက်အဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ မှ ၂၉ ရက်) အတွင်းမှာ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင် ခဲ့တယ်လို့ သိရပါတယ်။     ဈေးကွက်တွေကို ပဲစင်းငုံအသစ်တွေ ဝင်လာနေပြီဖြစ်ပြီး ဝယ်လက်များက လည်း ကြိုက်ဈေးရပါက ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံဆက်လက် အဝယ်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း အရောင်းအဝယ်ပုံမှန်ဖြစ်မယ်လို့ ခန့်မှန်း ကြပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲမှု မရှိဘဲ ဒီဇင်ဘာလ ၃၀ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ရူပီး ၅၄၀-၅၆၀ ၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၄၀-၄၆၀နဲ့ ငုံနီအဟောင်း တစ်တန် ကန် ဒေါ်လာ ၅၃၀-၅၅၀ ရှိကြောင်း သိရပါတယ်။                   MIRT- MAPT