ပဲလွန်းဖြူသစ်များ ထွက်ပေါ်စ ပြုလာနေပြီဖြစ်ပေမဲ့ ဈေးကွက်ဝင် ရောက်မှုနည်းသေးလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ လျော့နေပါတယ်။ ပင်လယ်ရေကြောင်း က ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ ပဲလွန်းဖြူ ၁၂၂ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်မှာ တော့ တန်ချိန် ၁၇၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၁- ၂၀၁၂ ဒီဇင်ဘာလ ၂၃ ရက် အထိ ပဲလွန်းဖြူတန်ချိန် ၁၈၀၀၀ ကျော် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၆ ဒသမ ၆၄ သန်းကျော်ရရှိခဲ့ကြောင်း သိရပါ တယ်။ဒီဇင်ဘာလ ၃၀ ရက် ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေး အတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ် လာ ၉၀၀-၉၂၀ ရှိကြောင်း သိရပါ တယ်။ MIRT- MAPT
Background